အစ္စရေး-ဟစ်ဇ်ဘိုလာ တိုက်ခိုက်မှုကို ရပ်တန့်ရန် အမေရိကန်တာဝန်ရှိသူများက ပြင်းပြင်းထန်ထန်လုပ်ဆောင်နေဟုဆို


(နိုင်ငံတကာ) စက်တင်ဘာ ၂၄

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့၏ တင်းမာမှုသည် ပြီးခဲ့သည့်အပတ်က သိသိသာသာ လျော့ကျသွားသော်လည်း တင်းမာမှုများ ထပ်မံ မကြီးထွားလာရေး အမေရိကန်တာဝန်ရှိသူများက ပြင်းပြင်းထန်ထန် လုပ်ဆောင်နေကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

နှစ်ဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လက်ဘနွန်နိုင်ငံအတွင်း ကြီးမားသည့် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကို အစ္စရေးက လုပ်ဆောင်ခဲ့ကြောင်း သံသယရှိခဲ့ပြီး နှစ်ဖက် ပဋိပက္ခများ ပြန်လည်ပြင်းထန်လာခဲ့သည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့သည့် အင်အားပြည့်ပါဝင်သည့် စစ်ပွဲတစ်ရပ်ကို စိတ်မဝင်စားကြောင်း အမေရိကန်တာဝန်ရှိသူများ အကဲဖြတ်ထားသော်လည်း အစ္စရေးသည် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာများ နေထိုင်သည့် ပစ်မှတ်များ အရပ်သားပစ်မှတ်များကို မောင်းသူမဲ့လေယာဉ်များ ဒုံးပျံများဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အမေရိကန်၏ စိုးရိမ်မှုသည့် ဟစ်ဇ်ဘိုလာ၏ ကျောထောက်နောက်ခံဖြစ်သည့် အီရန်ပါဝင်လာမည်ကိုဖြစ်ပြီး အီရန်အနေနှင့် ၎င်းတို့ကျောထောက်နောက်ခံပေးထားသည့် တပ်ဖွဲ့ဝင်များ ဆုံးရှုံးလာမည်ဆိုပါက ပါဝင်လာနိုင်ကြောင်း သုံးသပ်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN