ရှေးဟောင်းဟိန္ဒူဘုရားကျောင်း ပြိုကျမှုကြောင့် ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရရှိ


(ပြည်တွင်း)စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အကွက် (၁၂၅/အရှေ့)၊ ၁၉×၂၀ လမ်းကြား၊ ၈၆ × ၈၇ လမ်းကြားတွင် ယနေ့နံနက် ၂ နာရီကျော်အချိန်ခန့်ကအဆောက် အဦးတစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အလျား ၆၅ ပေခန့်၊ ၅၀ ပေခန့်၊ အမြင့် ၂၀ ပေခန့်ရှိ ရှေးဟောင်းဟိန္ဒူဘုရားကျောင်း (နှစ် ၁၀၀ ကျော်ခန့်)၊ ၂ ထပ်အုတ်ညှပ်အဆောက်အဦး(အမိုးမရှိ)၏ အပေါ်ပိုင်း ကြမ်းခင်းစလစ်လောင်းထားသည့် တောင်ဘက်အခြမ်း ၁၀ ပေခန့်ရှိ အုတ်ချပ်များမှာ ဟောင်းနွမ်းဆွေးမြေ့၍ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊ ရှေးဟောင်းအဆောက်အဦးအတွင်း အိမ်ထောင်စု ၂၁ စုခန့်နေထိုင်ပြီး၊ ကျား ၂၅ ဦး၊ မ ၃၅ ဦး၊ ပေါင်း ၆၀ ဦးခန့် နေထိုင်ကြကြောင်း သိရှိရပြီး ရှေးဟောင်း အဆောက်အဦး ပြိုကျ၍ အဆောက်အဦးအတွင်း နေထိုင်သောမိသားစုများအား ကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရှင်ပင်ရန်ကင်းဓမ္မာရုံသို့ ပြောင်းရွှေ့နေရာချ ထားခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်ဦးအတွင်း နေထိုင်သည့် မိသားစုဝင်ထဲမှ ဒေါ်စန်းကျင်၊ အသက် ၅၅ နှစ်၊ ယာဘက်လက်ဖျံ ဖူးယောင်ဒဏ်ရာ ၁ ချက်ရရှိပြီး အိပ်စက်နေစဉ်နေ တိုက်ပြိုပိမှုကြောင့် ရုတ်တရက် နှလုံးခုန်ရပ်ကာ သေဆုံး ခဲ့ကြောင်း၊ ခန့်ကျော်ဇင်သက်၊ အသက် ၉ နှစ်၊ G-3 ကျောင်းသားတွင် ယာ-ဒူး ပွန်းခြစ်ဒဏ်ရာ၊ ယာ-ပေါင် နာကျင်ဒဏ်ရာ(မစိုးရိမ်ရ)၊ ရှိုင်းထက်အောင်၊ အသက် ၂၈ နှစ်၊ ဝဲဘက် လက်မပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ)၊ ဒေါ်အယ်ဒိုဖော၊ အသက် ၃၀ နှစ်တွင် ယာ-နားသွေးထွက်ဒဏ်ရာ၊ ယာဘက် ဦးခေါင်းနာကျင်ဒဏ်ရာ၊ ယာဘက်ခြေထောက် ဖူးယောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ မကြည်မြတ်မိုး၊ အသက် ၂၅ နှစ်တွင် နှာခေါင်းသွေးထွက် ဒဏ်ရာ၊ ဦးခေါင်းထိပ်ပွန်းခြစ်ဒဏ်ရာ၊ ခါးနာကျင်ဒဏ်ရာ(မစိုးရိမ်ရ)၊ မပိုင်ဖြိုးသူ၊ အသက် ၆ နှစ်၊ G-1 ကျောင်းသူတွင် ဝဲ-တင်ပါးဆုံနာကျင်ဒဏ်ရာ၊ ယာ-ဒူး ပွန်းခြစ်ဒဏ်ရာ၊ ယာ-ပေါင် ပွန်းခြစ် ဒဏ်ရာ၊ ယာ-ခါး ပွန်းခြစ်ဒဏ်ရာ၊ ယာ-နားထင် ဖူးယောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ အောင်ဆန်းဖြိုး၊ ၂၂ နှစ်တွင် ဝဲ-လက်ဖျံ ပွန်းခြစ်ဒဏ်ရာ၊ ယာ-ခြေထောက် နာကျင်ဒဏ်ရာ၊ ခါးနာကျင်ဒဏ်ရာ(မစိုးရိမ်ရ)၊ စိုးကိုဦး၊ အသက် ၃၈ နှစ် ပြိုကျ သည့် အဆောက်အဦးထဲတွင် ပိတ်မိနေသောကြောင့် ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်ခဲ့ပြီး လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့​ကြကြောင်း သိရသည်။

အဆောက်အဦပြိုကျရာသို့ နံနက် ၂ နာရီ အချိန်ခန့်တွင် အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြိမ်းသတ်ယာဉ် ၅ စီး၊ သန္ဓေ ၁၀ ဦး၊ အရန် ၃၀ ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်ခဲ့ပြီးနောက် နံနက် ၂ နာရီ ၄၅ မိနစ် အချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN