ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များသို APTERR အစီအစဉ်ဖြင့် အရန်ဆန် ၁,၀၀၂ ဒသမ ၇၁ တန် ထောက်ပံ့ဖြန့်ဖြူးပေးသွားမည်


(ပြည်တွင်း) စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ အာဆီယံ+၃ အရန်ဆန်သိုလှောင်ရုံအတွင်း အရန်ဆန်များ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် သိုလှောင်ရုံများ ကြံ့ခိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို စက်တင်ဘာလ ၂၂ ရက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

စစ်‌ဆေးကြည့်ရှုရာမှာ ဒုတိယဝန်ကြီးက APTERR အစီအစဉ်ဖြင့် အရန်ဆန် ၁,၀၀၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များသို ထောက်ပံ့ဖြန့်ဖြူးပေးရေး ဆောင်ရွက်လျက်ရှိရာ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံးတင်ပို့ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN