ရိုးမားအသင်းရဲ့ အမှုဆောင်အရာရှိချုပ် ရာထူးမှနုတ်ထွက်


(အားကစား) စက်တင်ဘာ ၂၄

နည်းပြဒီရော့စီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာကြောင့် ရိုးမားအသင်းရဲ့အမှုဆောင်အရာရှိချုပ် လီနာ ဟာ စက်တင်ဘာလ ၂၂ ရက်မှာ ရာထူးကနေ နုတ်ထွက်သွား ခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ အခုဘောလုံးရာသီ စီးရီးအေ ၄ ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရသေးတာကြောင့် ဒီရော့စီ ကို နည်းပြအဖြစ်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အခုမှရာသီအစသာ ဖြစ်သေးတာကြောင့် ပရိသတ်တွေက ဒီရော့စီ ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အတွက် ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဒီရော့စီ ဟာ ရိုးမားအသင်းမှာ ဆယ်စုနှစ် ၂ ခုနီးပါး ကစားသမားအဖြစ် ကစားပေးခဲ့သူဖြစ်သလို ရိုးမားအသင်းကို နည်းပြအဖြစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ တာဝန် ယူ ကိုင်တွယ်ခဲ့သူလည်းဖြစ်တာကြောင့် ပရိသတ်တွေဘက်က အခုလိုမျိုးဝေဖန်မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဒီရော့စီရဲ့နေရာမှာ တိုရီနိုအသင်းရဲ့ နည်းပြဟောင်း ဂျူရစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး ဂျူရစ် ဟာ အူဒီးနီးစ်အသင်းကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရိုးမားအသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ် ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN