မြန်မာရေဘေးသင့်ပြည်သူများအတွက် ဩစတြေးလျနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းထပ်မံလှူဒါန်း


(ပြည်တွင်း) စက်တင်ဘာ ၂၄

မြန်မာနိုင်ငံအတွင်းမှာ ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ မြန်မာပြည်သူများအတွက် ဩစတြေးလျနိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်း ထပ်တိုးလှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက ထုတ်ပြန်ထားပါတယ်။

အဆိုပါ အကူအညီလိုအပ်နေသူများကို မိမိတို၏ ဖွံဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ် များမှတဆင့် ဆက်လက်ပံ့ပိုးပေးလျက်ရှိပြီး လက်ရှိပံ့ပိုးထားသောအကူအညီများကို ရေဘေးကူညီတုံပြန် ရေးလုပ်ငန်းတွင် ပိုမိုဦးစားပေးအသုံးပြုရန်အတွက် မိတ်ဖက်အဖွဲအစည်းများနှင့်အတူ ဆောင်ရွက်လျက်ရှိနေကြောင်း ထုတ်ပြန် ချက်တွင် ပါရှိပါတယ်။

ဒါ့ကြောင့် အကူအညီလိုအပ်နေသူများထံသို လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးပေးမှုများအား ပိုဆောင်ပေးအပ် နိုင်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများကို တောင်းဆိုထားကာ အကူအညီပေးရာတွင် စားနပ်ရိက္ခာ၊ ရေနှင့် ခိုနားရန်နေရာများ ပေးအပ်ပံ့ပိုးနိုင်ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN