မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍအတွက် ယူနန်ပြည်နယ်အစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်


(ပြည်တွင်း) စက်တင်ဘာ ၂၄

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူး Mr. Liu Yong တို့ စက်တင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား လျှပ်စစ်ကဏ္ဍဖွံဖြိုးတိုးတက်စေရေးအတွက် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှု မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍ ဖွံဖြိုးတိုးတက်ရန် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့ကြား ဆက်လက်ဆောင်ရွက် လိုတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN