မိုင်းထောင်ရန်ရောက်ရှိလာသော အကြမ်းဖက် PDF တစ်ဦးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


(ပြည်တွင်း) စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာအနီး လုံခြုံရေးအဖွဲ့များမှနယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ယမန်နေ့ နံနက် ၁၁ နာရီချိန်ခန့်က မိုင်းထောင်ရန်ရောက်ရှိလာသော အကြမ်းဖက် PDF တစ်ဦးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

လုံခြုံရေးအဖွဲ့များမှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ညောင်ဖြူပင်ကျေးရွာအရောက် အကြမ်းဖက် PDF တစ်ဦး မိုင်းထောင်ရန်ရောက်ရှိလာစဉ် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ လက်လုပ်မိုင်း ၃ လုံး၊ ဝါယာကြိုး(နီ/နက်) ၁ ခွေ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီးတွင် အကြမ်းဖက် PDF အဖွဲ့နှင့် ထိတွေ့မှုဖြစ်ရာ အကြမ်းဖက် PDF အဖွဲ့၏ Fixed Wing အမျိုးစား Drone ယာဉ် ၁ စီးကိုလည်း ယင်းနေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က သိမ်းဆည်းရမိခဲ့ကြောင်း ‌ဒေသခံများထံမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN