ပေါင်းလောင်းဆည်ခိုင်ခံမှု စိုးရိမ်ဖွယ်ရာမရှိကြောင်းထုတ်ပြန်


(ပြည်တွင်း) စက်တင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေနေပြည်တော်မှာရှိတဲ့ ပေါင်းလောင်းဆည်ဟာ ခိုင်ခံမှုအနေနဲ့ စိုးရိမ်ဖွယ်ရာမရှိဘူးလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။

လတ်တလောထွက်ပေါ်နေတဲ့ ပေါင်းလောင်းဆည်ကျိုးမယ်ဆိုတဲ့သတင်းဟာ လုံးဝဖြစ်နိုင်ချေ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ တမံ ဟာ ကျောက်သားနဲ့တည်ဆောက်ထားတဲ့ Rock Fill Dam အမျိုးအစားတမံ ဖြစ်တယ်လို့ ဆိုပါတယ်။

တမံ အမြင့် ပေ ၄၃၀ နဲ့ အလျားပေ ၃,၁၀၀ ရှိပြီးတော့ ရေကျော်နေတဲ့ ရေပိုလွှဲကလည်း အကျယ် ၄၆၁ ပေ ရှိတယ်လို့သိရပါတယ်။ ရေပိုလွှရဲ့ ရေကျော်နိုင်တဲ့ ခံနိုင်ရည်အားဒီဇိုင်းတွက်ချက်မှုအရ ၂၁ ပေ ရေကျော်နိုင် တာဖြစ်ပြီး လက်ရှိရေကျော်နေတာက ၆ ဒသမ ၃ ပေ ရှိတာကြောင့် စိုးရိမ်ဖွယ်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအခြေအနေမှာ တမံထိပ်ပြင်ရောက်ဖို့ဆိုရင် အမြင့် ၃၆ ပေခန့်လိုနေသေးရာ အခုလောက်အထိ တက်လာဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ ရေပိုလွှဲမှာ ရေကျော်နေမှုကို အသိပေးတဲ့ အလံအစိမ်းသာထောင်ထားတာ ဖြစ်ပြီး အလံအနီနဲ့ Red Alert လုပ်ထားတာလုံးဝမရှိဘူးလို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။

ဆည်မှာ ရာဂီမုန်တိုင်းမိုးကြောင့် ရေပိုလွှပေါ်က ၁၁ ဒသမ ၈၇ ပေအထိ အမြင့်ဆုံးကျော်ခဲ့ပြီး အခုရေပြန်ကျနေ ပြီလို့ သိရပါတယ်။ နေပြည်တော်မှာ ဆည်တမံ ၁၂ ခုရှိတဲ့အနက် မုန်၊ ငလိုက်နဲ့ ပေါင်းလောင်း တိုဟာ ရေကျော်နေပြီး ပေါင်းလောင်းဆည်ဟာ အများဆုံးရေကျော်နေတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN