အမေရိကန်ရှိ ဘာမင်ဟမ်မြို့လယ်ကောင်၌ လူတစ်စုက လူအုပ်ကြီးကို သေနတ်များဖြင့် ပစ်ခတ်မှုဖြစ်ပွား


(နိုင်ငံတကာ) စက်တင်ဘာ ၂၃

အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်ရှိ ဘာမင်ဟမ်မြို့လယ်၌ စက်တင်ဘာလ ၂၁ ရက် ညပိုင်းတွင် လူတစ်စုက လူအုပ်ကြီးကို သေနတ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုအတွင်း လူ လေးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသည်ဟု ရဲတပ်ဖွဲ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း ပစ်ခတ်မှုသည် အလာဘားမားတက္ကသိုလ်အနီးရှိ ဖျော်ဖြေရေးနေရာတစ်ခုဖြစ်သော Birmingham Five Points South ၌ ဒေသစံတော်ချိန် ည ၁၁ နာရီကျော်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။

ထိုနေရာသို့ လူတစ်စုရောက်ရှိလာပြီးနောက် လူအုပ်ကြီးကို ပစ်ခတ်မှုများလုပ်ဆောင်ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ က အခင်းဖြစ်နေရာသို့ ရောက်ရှိချိန်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးနေသည်ကို တွေ့ရသည်။

စတုတ္ထမြောက်သေဆုံးသူမှာ ဆေးရုံသို ရောက်ရှိပြီးမှ သေဆုံးခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ ကထုတ်ပြန်ထားသည်။ ထို့ပြင် အနည်းဆုံး လူလေးဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားပြီး အခြားလူများမှာ အမျိုးမျိုးသော နေရာများ၌ ဒဏ်ရာအသီးသီး ရရှိထားကြောင်း ရဲတပ်ဖွဲ့က ဆက်လက် ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းအထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးစစ်ဆေးနိုင်ခြင်း မရှိသေးသည့် အပြင် ထိုသို့ပစ်ခတ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကိုလည်းမသိရ သေးကြောင်း ရဲတပ်ဖွဲ့က ပြောထားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.m/positiveanglenews

PAN