အကြမ်းဖက် PDF ၁၁ ဦးမှ ဂွေးပင်လေးကျေးရွာနေ အသက် ၆၇ နှစ်အရွယ် အပစ်မဲ့ပြည်သူအား သတ်ဖြတ်


(ပြည်တွင်း) စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ကြီးအုပ်စု၊ ဂွေးပင်လေးကျေးရွာ အရှေ့ဘက် ဘုန်းကြီးကျောင်းအနီးသို့ ချောက်မြို့နယ်၊ ကတိုင်(မြောက်)ကျေးရွာ ဘက်မှ အကြမ်းဖက် PDF အဖွဲ့(စိစစ်ဆဲ) ၁၁ ဦးခန့်သည် ဆိုင်ကယ် ၅ စီး၊ လက်နက်ငယ် ၃ လက်ဖြင့် စက်တင်တင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန် ခန့်က ရောက်ရှိလာပြီး ၎င်းကျောင်းမှ ကျောင်းစောင့်အား ဖမ်းစီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကတိုင်(မြောက်)ကျေးရွာဘက်မှ အကြမ်းဖက် PDF အဖွဲ့(စိစစ်ဆဲ) ၁၁ ဦးခန့်သည် ဆိုင်ကယ် ၅ စီး၊ လက်နက်ငယ် ၃ လက်ဖြင့် ရောက်ရှိလာပြီး ဂွေးပင်လေးကျေးရွာ အရှေ့ဘက်ဘုန်းကြီးကျောင်းမှ ကျောင်းစောင့် ဦးသိန်းဝင်း၊ အသက် ၆၇ နှစ်အား တွေ့ဆုံပြီးတစ်ပါတည်း ခေါ်ဆောင်သွားခဲ့ကာ ၎င်း အကြမ်းဖက် PDF အဖွဲ့များသည် ဘုန်းကြီးကျောင်းမှ တောင်ဘက် ကတိုင်(မြောက်)ရွာလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ညနေ ၄ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် ချောက်မြို့နယ်၊ မြေပဒုံအရှေ့တောင်ဘက် ၂ ဖာလုံခန့်ရှိ တောင်သာကျေးရွာ-ဆူးတောကျေးရွာ ရွာချင်းဆက်လမ်း တံတားအနီး တွင် အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များမှ ရောက်ရှိစစ်ဆေးခဲ့ရာ ဂွေးပင်လေးကျေးရွာမှ ဦးသိန်းဝင်း၏ အလောင်း ဖြစ်နေသည်ကို တွေ့ရှိစစ်ဆေးခဲ့ရကြောင်း၊ ၎င်းတွင် လည်ပင်း ပြတ်ရှဒဏ်ရာနှင့်၊ ရင်ဘတ်ထိုးသွင်း ဒဏ်ရာ ၆ ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုအလောင်းအား လုံခြုံရေးအဖွဲ့များမှ စလေမြို့၊ ပြည်သူ့ဆေးရုံသို့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ပိုဆောင်ခဲ့ကြပြီး ဆေးစစ်မှုမှတ်တမ်းများ ဆက်လက် ဆောင်ရွက်ခဲ့ ကြကြောင်းသရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN