လာမည့် ရွေးကောက်ပွဲတွင် ရှုူံးနိမ့်ပါက ထပ်မံအရွေးချယ်ခံမည်မဟုတ်ကြောင်း ထရမ့်ဆို


(နိုင်ငံတကာ) စက်တင်ဘာ ၂၃

နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက လာမည့် ၂၀၂၈ ရွေးကောက်ပွဲတွင် ထပ်မံအရွေးချယ်ခံမည်မဟုတ်ကြောင်း သမ္မတဟောင်းထရမ့်က ပြောကြားခဲ့သည်။

သမ္မတဟောင်းက အမေရိကန်၏ သမ္မတရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက် ရီပက်လစ်ကန် သမ္မတလောင်းအဖြစ် ပါဝင်ခဲ့ပြီး ပါတီတွင်းပြောင်းလဲမှုများစွာ ပြုလုပ်နိုင်ခဲ့သူလည်းဖြစ်သည်။

အမေရိကန်၏ ဥပဒေအရ သမ္မတတာဝန်ထမ်းဆောင်သူများသည် နှစ်ကြိမ်ထက် ပိုမိုထမ်းဆောင်ခွင့်မရှိသည့်အတွက် လာမည့်ရွေးကောက်ပွဲတွင်အနိုင်ရမည်ဆိုပါက ထရမ့်အနေဖြင့် ထပ်မံရွေးချယ်ခံခွင့်ရှိတော့မည် မဟုတ်ကြောင်းသိရသည်။

သို့သော်လည်း သမ္မတဟောင်းထရမ့်က ၎င်းတို့အနေဖြင့် အောင်မြင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အလင်းရောင်

Telegram»…
https://t.m/positiveanglenews

PAN