ရေဝင်ရောက်မှုကြောင့် ပျက်စီးမှုများရှိခဲ့တဲ့ ထမ်းစမ်းဂူကို ပြန်လည်ပြင်ဆင်သွားမည်


(ပြည်တွင်း) စက်တင်ဘာ ၂၃

မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ရာမှာ ရှမ်းပြည်နယ်၊ ဟိုပုံးမြိုနယ်ရှိ ထမ်းစမ်းဂူအတွင်းသို ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့တယ်လို သိရပါတယ်။

အခုလို ရေဝင်ရောက်မှုကြောင့် ဂူအတွင်းမှာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့တာကြောင့် ရေများပြန်လည် ကျဆင်း သွားချိန်မှာ ပြန်လည်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် တာဝန်ရှိသူများက စက်တင်ဘာလ ၂၂ ရက်မှာ ကြည့်ရှု စစ်ဆေးမှုများပြုလုပ်ခဲ့ကြတယ်လို သိရပါတယ်။

အဆိုပါ ထမ်းစမ်းဂူမှာ သြဂုတ်လအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂူအတွင်းသို ရေများဝင်ရောက်ခဲ့မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Telegram»…
https://t.m/positiveanglenews

PAN