မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲကို ထွန်းထွန်းမင်း ဆက်လက်ဆွတ်ခူး


(ပြည်တွင်း) စက်တင်ဘာ ၂၃

မြန်မာပြည်အလွတ်တန်းချန်ပီယံ စိန်ခေါ်ပွဲကို စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲကို ထွန်းထွန်းမင်း က ဆက်လက် ဆွတ်ခူးနိုင်ခဲ့သလို ကျော်စွာဝင်းရဲ့ ရှုးပွဲမရှိ စံချိန်မှာလည်း ကျိုးပျက်သွားခဲ့ရပါတယ်။

အခုပွဲစဉ်အတွင်း မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲ့အတွက် ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်းတို ၇ ချီ စိန်ခေါ်ထိုးသတ်ခဲ့ကြပြီး ထွန်းထွန်းမင်းက ၄ ချီမြောက်မှာ အလဲထိုးနဲ့ အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ဟာ မြန်မာနိုင်ငံရဲ့ အလွတ်တန်းချန်ပီယံဘွဲ့အတွက် စိန်ခေါ်ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းအသစ် ပြဌာန်းချက်မူအတိုင်း ၇ ချီ အလဲထိုး အနားတောင်းစနစ်နဲ့ ထိုးသတ်သွားခဲ့ကြခြင်းဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲတွင် တွဲဆိုင်း ၆ ဆိုင်းပါဝင်ထိုးသတ်ခဲ့ကြခြင်းဖြစ်ပြီး၊ ဒုတိယ ခေါင်တွဲဆိုင်းမှာ ရွှေရာမာန် နှင့် အောင်ခိုင် တို ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပူးတွဲသရေ ရရှိခဲ့ကြပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN