ည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေးကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး


(ပြည်တွင်း) စက်တင်ဘာ ၂၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေးကြောင့် ပျက်စီးခဲ့သော လမ်း၊ တံတားများ ယာယီပြင်ဆင်ပြီးစီးမှုအခြေအနေ၊ လမ်း၊ တံတားများ၏ ကြံ့ခိုင်မှုအခြေအနေ၊ ကုန်စည်ပိုဆောင်သည့် မော်တော်ယာဉ်များနှင့် ခရီးသည်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုထားမှုအခြေ အနေနှင့် မူလအခြေအနေအတိုင်း အခိုင်အမာ ပြန်လည်တည်ဆောက်မည့် အခြေအနေတိုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲသည် ကမ်းကပ်ခုံရေတိုက်စား၍ ပျက်စီးသွားသော မွန်းတည့်ခွင်-ကျည်တောင် – ခေါမ – ညောင်ပင်သာ လမ်းပေါ်ရှိ တံတားအမှတ် (၅/၁၆) ပေါင်းလောင်းတံတား၌ အရှည်ပေ ၈၀၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေ၊ နှစ်လွှာတစ်ထပ် ယာယီဘေလီတံတားထိုးခြင်း ဆောင်ရွက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာမှုနှင့် တံတား၏ကြံ့ခိုင်မှုအခြေအနေကို လည်းကောင်း၊ လမ်းအပိုင်းရှိ Box Culvert နှင့် လမ်းသားပျက်စီးမှုများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

အဆိုပါလမ်းပိုင်းတွင် ပျက်စီးခဲ့သော တံတား အမှတ် (၂/၂၀) ၏ တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်းနေရာတွင် အရှည်ပေ ၈၀၊ ယာဉ်သွားလမ်း အကျယ် ၁၄ ပေ၊ နှစ်လွှာတစ်ထပ် ယာယီဘေလီတံတားထိုးခြင်း ဆောင်ရွက် ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာ အသုံးပြုနေပြီဖြစ်သည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြိုပတ်လမ်းပေါ်ရှိ ဆင်သေချောင်းတံတား (သိုက်ချောင်း) နေရာတွင် ယာဉ်သွားလာမှု ပိုမိုအဆင်ပြေလွယ်ကူစေရေးအတွက် အရှည် ပေ ၁၃၀၊ ယာဉ်သွားလမ်း အကျယ် ၁၄ ပေ၊ နှစ်လွှာတစ်ထပ် ဘေလီသံပေါင်တံတား ၂ စင်း ယာယီထိုးပေးပြီး အသွားလမ်း၊ အပြန်လမ်း အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိပြီး ယာဉ်များစနစ်တကျ ဖြတ်သန်းသွားလာခွင့်ပြုထားသည့် အခြေအနေနှင့် တံတား Pier တိုင်နိမ့်ကျသွားခြင်းကို အခိုင်အမာ ပြုပြင်ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲသည် ဆင်သေချောင်းတံတား (ပုပ္ပါးကုန်း)၌ အရှည်ပေ ၇၀၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေ၊ တစ်လွှာတစ်ထပ် ဘေလီတံတားထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်မှုနှင့် ပျက်စီးသွားသော ချဉ်းကပ်လမ်းနေရာတွင် လမ်းသားပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးသည့် အခြေအနေတိုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲသည် ရန်ကုန် – မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) ရှိ နဝင်းချောင်းတံတား (အဆုံတံတား) သို သွားရောက်ပြီး ချောင်းရေတိုက်စား ပျက်စီးသွား သည့် တံတားချဉ်းကပ်လမ်းနေရာ၌ တန် ၄၀ ခံနိုင်ဝန်ရှိသော အရှည်ပေ ၁၀၀၊ ယာဉ် သွားလမ်းအကျယ် ၂၄ ပေ၊ သုံးလွှာတစ်ထပ် ဘေလီတံတားထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသဖြင့် ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင် မော်တော်ယာဉ်များ သတ်မှတ်ချက်အတိုင်း စနစ်တကျ ဖြတ်သန်းသွားလာမှု၊ တံတားကြံ့ခိုင်မှု၊ တံတား၏ Up Stream နှင့် Down Stream တိုတွင် ရေလမ်းကြောင်း ရှင်းလင်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အမြဲတမ်းတံတားအဖြစ် တည်ဆောက်မည့် လျာထားစီမံချက်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

အဆိုပါ နဝင်းချောင်းတံတားသည် ရန်ကုန် – မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိပြီး ခရီးသည်တင်မော်တော်ယာဉ်များ၊ ကုန်စည်ပိုဆောင်သည့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် တန် ၄၀ ခံနိုင်ဝန်မှ တန် ၅၀ ခံနိုင်ဝန်အထိ ဖြတ်သန်းခွင့်ပြုနိုင်ရေးအတွက် ထောက်ကူပြင်ဆင် ဆောင်ရွက်ထားသည်။ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်း၊ တံတား များ ပျက်စီးမှုများကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ အများပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေလျက်ရှိပြီး ကုန်စည်များလည်း အဆက် မပြတ် ပိုဆောင်နိုင်ပြီဖြစ်ကြောင်း၊ ယာယီပြင်ဆင်ပြီးစီးခဲ့သည့် လမ်း၊ တံတားများ၏ ကြံ့ခိုင်မှုကို နေ့ညမပြတ် စောင့်ကြည့်ကြပ်မတ်လျက်ရှိကြောင်းနှင့် မူလအခြေအနေအတိုင်း ဖြစ်စေရေးအတွက် အခိုင်အမာ ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.m/positiveanglenews

PAN