ကျိုက်ထို​မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံရ


(ပြည်တွင်း) စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ ကျိုက်ထို​မြို့နယ်၊ မုက္ခမူကျေးရွာတွင်နေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီဝင် သားအဖ ၂ ဦး နေအိမ်၌ ပစ်သတ်ခံရကြောင်း သိရပါသည်။

ကျိုက်ထို​မြို့နယ်၊ မုက္ခမူကျေးရွာတွင်နေထိုင်သည့် ဦးမြင့်အောင် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီအတွင်းရေးမှူးနှင့် ၎င်း၏သမီးဖြစ်သူ မဝင်းနုခိုင်(ခ)မကေ ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာအဖွဲ့ဝင်တို့ ၂ ဦးသည် ယနေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် နေအိမ်၌ရှိနေစဥ် PDF အကြမ်းဖက်သမားများမှ နေအိမ်ပေါ်သို့ တက်ရောက်ကာ အသင့်ယူဆောင်လာသည့် အမျိုးအစား စိစစ်ဆဲ လက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

အကြမ်းဖက် PDF များမှ နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် ၎င်းတို့ ၂ ဦးမှာ ရရှိသော သေနတ်ဒဏ်ရာများဖြင့် နေတွင်ပင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN