သီပေါမြို့နယ် နယ်မြေရှင်းစစ်‌ကြောင်းနှင့် အကြမ်းဖက်TNLA အဖွဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွား


(ပြည်တွင်း) စက်တင်ဘာ ၂၂

ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသော တပ်မတော်စစ်ကြောင်းနှင့် TNLA အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် TNLA အဖွဲ့ဝင် ၁၀ ဦးခန့်သည် လူနေအိမ်များကို အကာအကွယ်ယူ၍ ပစ်ခတ်ခဲ့သဖြင့် နယ်မြေရှင်းလင်းရေးစစ်ကြောင်းအဖွဲ့မှ ပြန်လည်ရှင်းလင်းရာ အကြမ်းဖက် TNLA အလောင်း ၁ လောင်း၊ Type-81 သေနတ် ၁ လက်၊ ကျည်ဆံများနှင့် ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN