လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီး​ခြင်းနှင့် မြေပြိုခြင်းများကို ကြို တင်သတိပြု ရှောင်ရှားနိုင်ရန် အထူးမိုးလေဝသသတင်းထုတ်ပြန်

(မိုး/ဇလ) စက်တင်ဘာ ၂၂

        မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ ယနေ့ ညနေ(၅)နာရီခွဲ အချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းဒေသများနှင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ဖြစ်ပေါ်နေသော လေဖိ အားနည်းဆဲလ်သည် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ဖြတ်ကျော် လျက်ရှိပါသည်။

ထို့နောက် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ၊ စက်တင်ဘာ လ(၂၃)ရက်(အခုလ-၂၃)ရက်နေ့တွင်ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ လေဖိ အားနည်း ရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု  ခန့်မှန်းထားပါသည်။

      အဆိုပါ လေဖိအားနည်းဆဲလ်နှင့် အကြွင်း အကျန်တိမ်တိုက်များ၏အရှိန်ကြောင့် ဒီကနေ့ ညနေမှ စက်တင် ဘာလ(၂၅)ရက်နေ့(အခုလ-၂၅ ရက်နေ့) အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ချင်းပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီး ခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

      မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြို တင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့်လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးနှိုး ဆော်ထားပါသည်။

#PAN