ရေဘေးကြောင့် လူမရှိသည့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား


(ပြည်တွင်း)စက်တင်ဘာ ၂၂

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊စည်ပင်ကြီးအုပ်စု၊ညောင်ပင်ကြီးကျေးရွာတွင် ယနေ့နံနက်၄နာရီ၁၅မိနစ်အချိန်ခန့်က မီးလောင်မူဖြစ်ပွား‌ခဲ့ရာ မီးလောင်သည့်နေရာသို့ မြို့နယ်မီးသတ်ယာဥ်၄စီးဖြင့် သွားရောက် မီးငြိမ်းသတ်ခဲ့ရပြီး နံနက်၅နာရီခွဲချိန် မီးငြိမ်းသွားကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဥ်တွင် လတ်တလော ရေဘေးကြောင့် လူနေထိုင်ခြင်းမရှိသည့် ဦးစံဝင်း၊ ၆၇ နှစ် ၊(ဘ)ဦးအောင်တင် ၊ ညောင်ပင်ကြီးကျေးရွာနေသူပိုင်ဆိုင်သည့် ၃x၄ ပင်၊ သွပ်မိုးထရံကာ ပျဉ်ခင်းနေအိမ်မှမီးစတင်လောင်ကျွမ်းရာ အနောက်ဘက်ရှိ လတ်တလောလူနေထိုင်ခြင်းမရှိသည့် ဒေါ်လှသီ၊ ၆၂ နှစ်၊(ဘ)ဦးကျော်ရင်၊ ပိုင်ဆိုင်သည့် ၃x၄ ပင် သွပ်မိုးပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်သို့မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမူကြောင့် နေအိမ်နှစ်လုံးရှိ အိမ်တိုင်များ မီးကျွမ်းသွားခဲ့သဖြင့် ကာလတန်ဖိုး ၄ သိန်းခွဲခန့် ပျက်စီးဆုံးရူံးခဲ့ကြောင်း၊ လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

#PAN