ရန်ကုန်-သာစည် ရထားခရီးစဉ် ပြန်လည်ပြေးဆွဲ

(ပြည်တွင်း) စက်တင်ဘာ ၂၂

      ရထားလမ်းရေကြီးရေလျှံမှုတွေကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန်နဲ့ သာစည်အကြား အဆန်ရထား လမ်းပိုင်း ပြန်လည်ပြုပြင်ပြီးတဲ့အတွက် လူစီးရထားနဲ့ကုန်ရထားတွေကို စက်တင်ဘာလ ၂၀ ရက်က စတင်ပြီး ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

      တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ရဲ့အရှိန်ကြောင့် မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းမကြီးရဲ့ အချို့ရထားလမ်း တာပေါင်နေရာတွေနဲ့ တံတားတွေကို ရေတိုက်စားပြီးပျက်စီးခဲ့တဲ့အတွက် စက်တင် ဘာလ ၁၃ ရက်ကစတင်ကာ ယာယီရပ်ဆိုင်းထားခဲ့ရာကနေ ပြန်လည်ပြေးဆွဲပေးတာ ဖြစ်ပါတယ်။

      ခရီးစဉ်အစ၊ အဆုံး တစ်ဦးကို အထက်တန်း လက် မှတ်ခ ငွေကျပ် ၁၇,၀၀၀ နဲ့ ရိုးရိုးတန်း လက်မှတ်ခ ငွေကျပ် ၉,၀၀၀ နှုန်းနဲ့ အရင်နှုန်းထားအတိုင်း ပြန်လည်ပြေးဆွဲပေးနေတာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် သာစည်-မန္တလေးရထားလမ်းပိုင်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ပြုပြင်ဆောင်ရွက်နေသလို ရန်ကုန်ကနေ မန္တလေး အထိ ရထားလမ်းခရီးစဉ်တွေကိုလည်း မကြာမီမှာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့လည်း မြန်မာ့မီးရထားကနေသိရပါတယ်။

#PAN