ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်(၇၉/၃)နှင့်(၇၉/၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား


(မှုခင်း) စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၉/၃)နှင့်(၇၉/၄)ကြားတွင် ယနေ့နံနက် ၁၀ နာရီ ၂၇ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲကြောင်း သိရှိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၉/၃)နှင့်(၇၉/၄)ကြားတွင် (၂၂)ဘီး(အဖြူရောင်)ဆီဘောက်ဆာယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်း နိုင်ဘဲ ရပ်ထားသော (၂၂)ဘီး(အမည်းရောင်)ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်းခဲ့သောကြောင့် ပြွန်တန်ဆာနယ်မြေ မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါဖြစ်စဉ်ကြောင့် (၂၂)ဘီး(အဖြူရောင်)ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ရွှေရဲနွယ်ပရဟိတအသင်းမှ ယာဉ်ဖြင့် ပြွန်တန်ဆာမြို့ ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN