ဂျပန်ပင်လယ်၌ ရုရှားနှင့် တရုတ်စစ်သင်္ဘောများ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်


(နိုင်ငံတကာ) စက်တင်ဘာ ၂၂

ရုရှားနှင့်တရုတ် ရေတပ်စစ်သင်္ဘောများသည် စက်တင်ဘာလ ၂၁ ရက်တွင် ဂျပန်ပင်လယ်ဒေသ၌ ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုများကို စတင်နေပြီဖြစ်ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ဂျပန်ပင်လယ်ဒေသ၌ စစ်ရေးလေ့ကျင့်မှုများ ပူးတွဲပြုလုပ်ရေးအတွက် ရုရှားပစိဖိတ်ရေတပ်မှ စစ်သင်္ဘော အုပ်စုများနှင့် တရုတ်ရေတပ်သင်္ဘောများ အနေဖြင့် ရုရှား နိုင်ငံ၊ ဗလာဒီဗော့စတော့မြို့မှ ထွက်ခွာသွားပြီဖြစ်ကြောင်း ရုရှားမီဒီယာများ၏ အဆိုအရသိရသည်။

ဂျပန်ပင်လယ်၌ပြုလုပ်မည့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများထဲတွင် လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မှုများနှင့် ရေငုပ်သင်္ဘောချေမှုန်းရေး လေ့ကျင့်မှုများ ပါဝင်ကြောင်း ရုရှားပစိဖိတ်ရေတပ်က သတင်းထုတ်ပြန် ထားသည်။

ရုရှားနှင့် တရုတ်နိုင်ငံတိုသည် အိုးရှင်း၂၀၂၄ အမည်ရှိ စစ်ရေးလေ့ကျင့်မှုအစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် ယခုလအတွင်း ဒုံးကျည်ပစ်လွှတ်မှုနှင့် အမြောက် ပစ်ခတ်မှုများ ပူးတွဲလေ့ကျင့်ခဲ့ကြပြီးဖြစ်သည်။

အိုးရှင်း ၂၀၂၄ ရေတပ်စစ်ရေးလေ့ကျင့်မှုသည် ရုရှားနိုင်ငံအတွက် ဆိုဗီယက်ခေတ်လွန်ကာလ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာ၊ အာတိတ်သမုဒ္ဒရာ၊ မြေထဲပင်လယ်၊ ကတ်စပီယံပင်လယ်နှင့် ဘောလ်တစ်ပင်လယ်ဒေသတို၌ စက်တင်ဘာလ ၁၀ ရက်တွင် စတင်ပြုလုပ်ခဲ့သော အိုးရှင်း ၂၀၂၄ စစ်ရေးလေ့ကျင့်မှု တွင် ရုရှားစစ်သင်္ဘော၊ ရေငုပ်သင်္ဘောအစီးပေါင်း ၄၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN