အာဖရိက၌ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၃၀,၀၀၀ နီးပါးအထိ မြင့်တက်လာ


(နိုင်ငံတကာ) စက်တင်ဘာ ၂၁

အာဖရိကဒေသတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ အရေအတွက် ၃၀,၀၀၀ နီးပါးအထိ မြင့်တက်လာ ကြောင်းနှင့် သေဆုံးသူ ၇၃၈ ဦးအထိရှိလာကြောင်း အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းမှာပင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၂,၉၁၂ ဦး တိုးလာကြောင်းနှင့် သေဆုံးသူ ၁၄ ဦး ရှိလာကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယခုကဲ့သို့ မျောက်ကျောက်ရောဂါဖြစ်ပွားမှု မြင့်တက်လာရခြင်းသည် နယ်စပ်ဖြတ်ကျော်သွားလာမှု၊ အာဟာရ ချိုတဲ့မှု၊ ဘေးကင်းမှုမရှိသော လိင်ဆက်ဆံမှုတို့ ကြောင့် အများဆုံးဖြစ်ရခြင်းဖြစ်သည်ဟု အာဖရိကရောဂါကာကွယ် ထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ယန်းကာဆီယာ ကပြောသည်။

လက်ရှိတွင် အာဖရိကဒေသ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်အတူ လက်တွဲ၍ ထိုရောဂါကို တိုက်ဖျက်နိုင်ရေးအတွက် ကြိုးစားကာလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN