အထူးမိုးလေဝသသတင်း

(မိုး/ဇလ) စက်တင်ဘာ ၂၀

          မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက် (၇)နာရီခွဲအချိန် ထုတ်ပြန်သည့် အထူး မိုးလေဝသ သတင်းအနေဖြင့်  ဗီယက်နမ်နိုင်ငံကုန်းတွင်း ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သောအပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ် (SOULIK)” သည် အနောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ လာအိုနိုင်ငံအလယ်ပိုင်း ဒေသများကို ဆက်လက်ဖြတ်ကျော်ခဲ့ကာ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။

     အဆိုပါ ကုန်တွင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် (၂၄)နာရီအတွင်း အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံ၊ ကယား ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့ကို ဆက်လက်ဖြတ်ကျော်နိုင်ပါသည်။

       အဆိုပါ လေပွေလှိုင်း၏အရှိန်ကြောင့် ယနေ့နံနက်မှ စက်တင်ဘာ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

      သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးနှိုးဆော်ထား ကြောင်း သိရှိရသည်။

#PAN