မြောက်ကိုရီးယား က အမြင့်ပျံနှင့်အနိမ့်ပျံ ဒုံးကျည်အသစ်များကို အောင်မြင်စွာ စမ်းသပ်နိုင်

(နိုင်ငံတကာ)စက်တင်ဘာ ၂၀

      မြောက်ကိုရီးယားနိုင်ငံက နည်းဗျူဟာမြောက် အမြင့်ပျံဒုံးကျည်အသစ်ကိုသာမက အဆင့်မြှင့်တင်ထား သော အနိမ့်ပျံဒုံးကျည်ကိုပါ အောင်မြင်စွာ စမ်း သပ်ပစ်လွှတ်လိုက်နိုင်ကြောင်းနှင့် ထိုပစ်လွှတ်မှုများကို ကင်ဂျုံအွန် ကိုယ်တိုင် ကြီးကြပ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

       ပထမဆုံး ပစ်လွှတ်လိုက်သည့် ဒုံးကျည်အသစ်မှာ Hwasongho-11 Da-4.5 ဖြစ်ပြီး လေးတန်ခွဲရှိ သမား ရိုးကျထိပ်ဖူးကို တပ်ဆင်ပစ်ခတ်နိုင်ကာ ယခုစမ်းသပ် မှုက ကီလိုမီတာ ၃၂၀ ရှိပစ်မှတ်ကို တိကျစွာ ထိမှန်နိုင်မှုစွမ်းရည်ကို စမ်းသပ် ခြင်းဖြစ်သည်ဟု KCNA သတင်းဌာနက ဖော်ပြထားသည်။ သို့သော် အဆင့်မြှင့်တင်ထားသော အနိမ့်ပျံဒုံးကျည်၏ အချက် အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိကြောင်း တွေ့ရသည်။

      ဒုံးကျည်စမ်းသပ်မှုကို ခေါင်းဆောင် ကင်ဂျုံအွန် ကိုယ်တိုင် ရောက်ရှိကွပ်ကဲနေခြင်းသည် မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ဒုံးကျည်အစီ အစဉ်အပေါ် မည်မျှအထိ အလေးထားဆောင်ရွက်နေသည်ကို မြင်တွေ့နိုင်သည်။ ထို့ပြင် မြောက်ကိုရီးယား က နည်းဗျူဟာမြောက် အမြင့်ပျံဒုံးကျည်စနစ်များကို တိုးတက်ထုတ် လုပ်မှုအပေါ် ပိုမို အာရုံစိုက်လာသည်ကို တွေ့ရကြောင်း AR သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN