မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခ တိုးမြှင့်ကောက်ခံမည်ဟု မြန်မာသံရုံး၊ နယူးဒေလီက ထုတ်ပြန်ထား

(ပြည်တွင်း) စက်တင်ဘာ ၂၀

        အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆောင်ရွက်ခြင်းအတွက် သက်တမ်းတိုးခကို တိုးမြင့်ကောက်ခံသွားမည်ဖြစ် ကြောင်း မြန်မာသံရုံး၊ နယူးဒေလီက ထုတ်ပြန်ထားကြောင်း သိရ ပါတယ်။

     ယခင်က မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအတွက် အိန္ဒိယရူပီး ၂,၉၄၀ ပေးဆောင်နေရခြင်းဖြစ်ပြီး ပျောက် ဆုံးဒဏ်ကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာ၊ သက်တမ်းလွန် ဒဏ်ကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာတို့ကို သတ်မှတ်ကောက်ခံလျက်ရှိပါတယ်။

       ယခုအခါ စက်တင်ဘာလ ၁ ရက်မှစတင်ပြီး မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းဆိုင်ရာများကို စာအုပ်တစ်အုပ်လျှင် အိန္ဒိယရူပီး ၃,၆၀၀ နှုန်း ပြောင်းလဲတိုးမြှင့် ကောက်ခံသွားမှာဖြစ်ပါတယ်။ ပျောက်ဆုံး ဒဏ်ကြေးနဲ့ သက်တမ်းလွန်ဒဏ်ကြေးများကို ပြောင်းလဲခြင်းမရှိကြောင်း မြန်မာသံရုံး၊ နယူးဒေလီက စက်တင်ဘာလ ၁၇ ရက်က ထုတ်ပြန်ထားကြောင်းသိရပါတယ်။

#PAN