အုတ်တွင်းမြို့နယ်ရှိ ရေဘေးရှောင်ကယ်ဆယ်စခန်းတွင် အ စာအဆိပ်သင့်မှုဖြစ်ပွား လူ ၂၀၀ ခန့်အရေးပေါ်ဆေးရုံတင်ခဲ့ရ


(ပြည်တွင်း) စက်တင်ဘာ ၁ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက အလှူရှင်များလှူဒါန်းသော အစားအစာများကို စားသုံးမိရာမှတစ်ဆင့် ရေဘေးရှောင်ပြည်သူ ၄၀၀ ဦးအနက်မှ ကလေးငယ်များအများစုအပါအဝင် လူဦးရေ ၄၀ ခန့်မှာ မူးဝေလဲကျခဲ့သဖြင့် အရေးပေါ်ဆေးရုံသို့တင်ခဲ့ရတယ်လို့သိရပါတယ် ။

ဖြစ်စဥ်မှာ အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်းကျေးရွာ ရွှေဖြူရတနာကျောင်းတိုက်တွင် ရေဘေးကြောင့် လာရောက်၍ ခိုလှုံနေကြသော ဒေသခံကျေးရွာသူ/ကျေးရွာသားနှင့် နေအိမ်တွင်ရှိနေကြသောပြည်သူများအား ပထမအလှူရှင်တစ်ဦးမှ ဘဲဥချည်ရေဟင်းနှင့်ငပိကြော်ထမင်းထုပ်များ ၊ ဒုတိယအလှူရှင်တစ်ဦးမှကြာဇံကြော်များအား လိုက်လံဝေဌလှူဒါန်းပေးခဲ့ပြီး အဆိုပါအထုပ်များအား ည ၈ နာရီခွဲခန့်တွင် စားခဲ့မိသူများ လူ ၄၀၀ အနက်မှ ကလေးငယ်အများစုပါဝင်သော လူ ၄၀ ခန့်မှာ အော့အန်၍ မူးဝေ လဲကျခြင်း ၊ ကျေးရွာအတွင်းမှ ကြာဇံကြော်စားမိသူ လူဦးရေ ၁၅၀ ခန့်မှာ အော့ပန်ခြင်းတို့ဖြစ်ပွားခဲ့သဖြင့် အရေးပေါ်လူနာတင်ယာဥ်များဖြင့် တောင်ငူဆေးရုံကြီး ၊ မဆရ(၃)ဆေးရုံများသို့ လူနာအားလုံးအား အရေးပေါ်ဆေးရုံတင်ပို့ကာ အတွင်းလူနာ/ ပြင်ပလူနာများအဖြစ် ဆေးကုသမှုခံယူနေရပြီး အုတ်တွင်းမြို့နယ် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများမှ လူနာစာရင်းယူခြင်း၊ Swapယူ စစ်ဆေးနိင်ရန် လှူထားသော ထမင်းဗူး/ကြာဇံကြော်ဗူး/ကျောင်းအတွင်းရှိ စတီးကန် သောက်ရေသန့်စက်မှရေ စသည်တို့ကို ဓါတ်ခွဲစစ်ဆေးနိုင်ရန် သက်ဆိုင်ရာသို့ ပို့ဆောင်၍ လုပ်ဆောင်နေကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN