အမေရိကန် ရွေးကောက်ပွဲတာဝန်ရှိသူများ သံသယဖြစ်ဖွယ် အထုပ်များ ရရှိနေဟု FBI သတိပေး

(နိုင်ငံတကာ)စက်တင်ဘာ ၁၉

      အမေရိကန်နိုင်ငံအတွင်းရှိ ရွေးကောက်ပွဲတာဝန်ရှိသူများအနေဖြင့် သံသယဖြစ်ဖွယ်ကောင်းသော အထုပ်များ ရရှိနေသည်ဟု FBI က သတိပေးချက် ထုတ်ပြန်ထားသည်။ ပြည်နယ် အများအပြားရှိ ရွေးကောက်ပွဲကော်မရှင် ရုံးများသို့ စက်တင်ဘာလ ၁၆ ရက်မှစ၍ သံသယဖြစ်ဖွယ် အထုပ်များ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ စက်တင်ဘာ လ ၁၉ ရက်အထိ ပြည်နယ် ၁၅ ခုသို့ အဆိုပါအထုပ်များ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သတိပေးချက်တွင် ဖော်ပြထား သည်။

       အချို့သော အထုပ်များတွင် “အမေရိကန် သစ္စာ ဖောက်ချေမှုန်းရေးအဖွဲ့” ဟူ၍ လက်မှတ်ရေးထိုးထား သော်လည်း ယင်းအထုပ်များကြောင့် မည်သူမျှ ထိ ခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း တာဝန်ရှိသူများက ပြောသည်။ လက်ရှိတွင် သံသယဖြစ်ဖွယ် အထုပ်များ မည်မျှပို့ဆောင်ထားပြီး ထိုသို့ ပေးပို့မှုကို မည်သူက သို့မဟုတ် မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်နှင့်ပတ်သက်၍ FBI က အခြားတာဝန်ရှိအဖွဲ့များနှင့်အတူ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN