လားရှိုးကိုသိမ်းထားသည့် အကြမ်းဖက်အုပ်စု MNDAA မှ ချက်ချင်းအပစ်အခတ်ရပ်စဲမည်ဟု့ စာထုတ်ပြန်


(ပြည်တွင်း) စက်တင်ဘာ ၁၉

ရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ထိန်းချုပ်ထားသည့် အကြမ်းဖက်အုပ်စုဝင် ကိုးကန့်သောင်းကျန်းသူ MNDAA များမှပြောဆိုထားခြင်းဖြစ်ပြီး ယင်းပြောဆိုချက်ထဲတွင် အကြမ်းအုပ်စုဝင်ဖြစ်သည့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း၊ စစ်မြေပြင်များ ချဲ့ထွင်ခြင်း၊ မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်းလည်း ပြောဆိုထားသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးပါရန် အထူးမေတ္တာရပ်ခံအပ်ကြောင်းနှင် မိမိတို့အနေဖြင့်လည်း ချက်ချင်းအပစ် အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လက်တလောတွင် မသမာသူတစ်ချို့သည် လူမှုကွန်ရက်များမှတစ်ဆင့် စာရွက်စာတမ်းအတုများ ထုတ်ပြန်ခြင်း၊ MNDAA အား အမဲစက်တင်စေခြင်း၊ မိမိတို့ကိုစွပ်စွဲခြင်း၊ ဖြစ်ရပ်မှန်များကို ဖုံးကွယ်ခြင်းများကို တောက်လျှောက်ပြုလုပ်နေခြင်းကြောင့် အများပြည်သူများမှ မိမိတို့ MNDAA ၏ နိုင်ငံရေးရပ်တည်ချက်နှင့် သဘောထားများအပေါ်အမြင်လွဲမှားမှုများဖြစ်ပေါ်စေခဲ့ကြောင်း၊ ဤသို့အမြင်လွဲမှားမှု ပိုမိုပြင်းထန်လာသည်ကို ဟန့်တားရန်၊ မလိုအပ်သည့် အငြင်းအပွားများ မဖြစ်ပေါ်စေရန်တို့အတွက် မိမိတို့ MNDAA မှ နိုင်ငံတော်၏ အခြေအနေနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

MNDAA ၏ထုတ်ပြန်ချက်တွင် ။ MNDAA ၏ စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဟူသော နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်ကြောင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် တရုတ် သို့မဟုတ် မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း၊ စစ်မြေပြင်များ ချဲ့ထွင်ခြင်း၊ မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်းနှင့် သို့သော် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း MNDAA က ဆိုသည်။

ယင်းစာကို MNDAA စစ်ရေးကော်မတီက စက်တင်ဘာ ၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်အား MNDAA သတင်းများ ပုံမှန်ဖော်ပြနေသည့် ကိုးကန့်သတင်းကွန်ရက် Facebook Page တွင် ယနေ့(စက်တင်ဘာ ၁၈ ရက်) ညပိုင်း၌ ဖော်ပြလာသည်။

Telegram»…
https://t.me/positiveanglenews

PAN