ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းကျက်ရွာတွင် ရေကြီးရေလျှံမှုကြောင့်‌ ရေဘေးသင့်‌နေအိမ်များရှိခဲ့


(ပြည်တွင်း) စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းကျက်ရွာ(မိုင်းဆတ်မြို့နယ်_မိုင်းပျဉ်းမြို့နယ် အကြားတွင်တည်ရှိသည့်ရွာဖြစ်)တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သည့်ရက်များက ရေကြီးရေလျှံမှုဖြစ်ခဲ့ခြင်းကြောင့်‌ ရေဘေးသင့်‌နေအိမ်များရှိခဲ့ကြောင်းနှင့် ထိုမိုင်းကျက်ရွာတွင် ၂၀၁၉ ခုနှစ်မှစပြီး(၃)နှစ် (၃)လ (၃)ရက်အထိ မိုင်းဖုန်းဆရာတော်ကြီး အဓိဌာန်ဝင်ခဲ့သည့် မိုင်းကျက်ဂူသို့ သွားသည့် လမ်းပေါ်မှ နမ့်ဆင်ချောင်းကြိုးတံတားသည်လည်း ချောင်းရေကြီးရေလျှံမှုဖြစ်ကာ ချောင်းရေထဲ‌‌ မျှောပါပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN