တရုတ်က ဘီဘင်ကာ အပြီးတွင် နောက်ထပ်မုန်တိုင်းအတွက် ပြင်ဆင်မှုများပြုလုပ်

(နိုင်ငံတကာ)စက်တင်ဘာ ၁၉

      တရုတ်နိုင်ငံရှိ ပြည်နယ်အများအပြားက နိုင်ငံအရှေ့ပိုင်းသို့ မုန်တိုင်း ဘီဘင်ကာ ဝင်ရောက်တိုက် ခတ်ပြီး နောက် ရက်ပိုင်းအကြာမှာပင် နောက်ထပ်တိုက်ခတ်မည့် မုန်တိုင်းတစ်လုံးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

      ယခု တိုက်ခတ်မည့် မုန်တိုင်းသည် နိုင်ငံအတွက် ၁၄ လုံးမြောက် မုန်တိုင်းဖြစ် ပြီး နိုင်ငံအရှေ့ပိုင်းရှိ ကျဲ့ကျန်းပြည်နယ်တွင် မုန်တိုင်းဝင်ရောက်မှုအတွက် ကြို တင်မျှော်မှန်း၍ အဆင့် (၄) အရေး ပေါ်တုံ့ပြန်မှုများကို ဆောင် ရွက်လျက်ရှိသည်။

       ပူလာဆန် အမည်ရှိ အပူပိုင်းမုန်တိုင်းက တစ်နာရီလျှင် ၄၅ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလာနေပြီး ဗဟို ချက်အနီး လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၂၃ မီတာအထိရှိသည်ဟု တရုတ်မိုးလေဝသဌာန က ထုတ်ပြန်ထား သည်။ မုန်တိုင်း ပူလာဆန် သည် စက်တင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းနှင့်ညနေပိုင်းကြားတွင် ကျဲ့ကျန်း ပြည်နယ် ကမ်းရိုး တန်းဒေသကုန်တွင်းပိုင်းသို့ ဝင်ရောက်လာနိုင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေ ပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာန က ထုတ်ပြန်ထားသည်ဟု ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN