Meta က ဖြုတ်ချသော်လည်း ပြောဆိုသံများကို ရပ်မည်မဟုတ်ဟု RT သတင်းဌာနမှ ပြော

(နိုင်ငံတကာ)စက်တင်ဘာ ၁၈

      လူအသုံးများသော လူမှုကွန်ရက်များဖြစ်သည့် Facebook နှင့် Instagram တို့၏ ပင်မကုမ္ပဏီဖြစ်သော Meta က ၎င်း၏လူမှုကွန်ယက် ပလက်ဖောင်းများတွင် RT အပါအဝင် ရုရှားသတင်းဌာန အများအပြား၏အကောင့် များကို ဖြုတ်ချမည်ဟု ထုတ် ပြန်ကြေညာလိုက်သည်။

      ထို့နောက် Meta က ယခုကဲ့သို့ ဖြုတ်ချသော်လည်း ပြောဆို သံများက ရပ်တန့်သွားမည်မဟုတ်ကြောင်း RT သတင်းဌာနက စက်တင် ဘာလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ RT သတင်းဌာနသည် ရုရှားထောက်လှမ်းရေးအဖွဲ့ ၏လက်ကိုင်တုတ်ကဲ့သို့ လုပ်ငန်းများဆောင်ရွက်နေကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန က ပြီးခဲ့သည့်သီတင်းပတ်တွင် စွပ်စွဲပြီးနောက် Meta ကုမ္ပဏီက ယခုကဲ့သို့ ကြေညာလာခြင်းဖြစ်သည်။

      အမေရိကန်အစိုးရ၏ ယင်းလုပ်ရပ်များသည် ရုရှားနိုင်ငံအပေါ် သတင်းအချက်အလက် စစ်ပွဲဆင်နွှဲနေခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့ မကြားချင်သော သတင်းများ မထွက်လာစေရေး ပစ်မှတ်ထားလုပ် ဆောင်ခြင်း ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန က ထုတ်ပြန်ထားသည်။

#PAN