AHA Centre မှပေးပို့တဲ့ ရေဘေးကယ်ဆယ်ရေးပစ္စည်းများရောက်ရှိလာ


(ပြည်တွင်း) စက်တင်ဘာ ၁၈

ရေဘေးကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် AHA Centre မှပေးပို့သော ရေဘေးကယ်ဆယ်ရေးပစ္စည်းများ စက်တင်ဘာလ ၁၇ ရက်နံနက်ပိုင်းက ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့တယ်လို့ မြန်မာအမျိုးသားလေကြောင်း (MNA)ကနေ သိရပါတယ်။

အဆိုပါ ရေဘေးကယ်ဆယ်ရေးပစ္စည်းများကို MNA ရဲ့ Boeing 737-800 Freighter လေယာဉ် (9M-WCA) ခရီးစဉ်အမှတ် UB-2020 လေယာဉ်က ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် တင်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ကယ်ဆယ်ရေးပစ္စည်းများရဲ့ စုစုပေါင်းအလေးချိန်မှာ 5560 kg ရှိတယ်လို့ သိရပါတယ်။

MNA မှအကူအညီလိုအပ်နေတဲ့ ရေဘေးသင့်ဒေသများထံ လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းများ မြန်ဆန် ချောမွေ့စွာရောက်ရှိနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေဘေးသင့်သူများထံ ကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိစေရန်အတွက် ပြည်တွင်း/ပြည်ပခရီးစဉ် များနဲ့ အခမဲ့သယ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN