လက်ဘနွန်တွင် ပေဂျာပေါက်ကွဲမှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၂၈၀၀ ကျော် ဒဏ်ရာရရှိ

(နိုင်ငံတကာ) စက်တင်ဘာ ၁၈
လက်ဘနွန်နိုင်ငံ၏ နေရာတော်တော်များများတွင် စက်တင်ဘာလ ၁၇ ရက် အင်္ဂါနေ့က ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များ အပါအဝင် အခြား ပြည်သူ ၂၈၀၀ ကျော် ဒဏ်ရာများရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီး Firas Abiad က ပြောကြားခဲ့သည်။
အသတ်ခံရသူများတွင် ဟစ်ဇ်ဘိုလာပါလီမန်အမတ် Ali Ammar ၏သားပါဝင်ပြီး လက်ဘနွန် နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mojtaba Amani လည်း ဒဏ်ရာရရှိခဲ့ကြောင်း Elnashra သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။အစ္စရေးစစ်တပ်သည် အဆိုပါ ပေဂျာများ၏ ဘက်ထရီများကို ပစ်မှတ်ထားကာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံများသို့ လွှဲပြောင်း ပေးထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။Hezbollah က အဆိုပါ ပေါက်ကွဲမှုများ၏ နောက်ကွယ်မှ အကြောင်းရင်းများကို ဖော်ထုတ်ရန် လုံခြုံရေးနှင့် သိပ္ပံဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကြေငြာချက်တစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။ လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ် မီကာတီက ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှုများ ဆက်လက်လုပ်ဆောင်ရန် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ ဌာနအားလုံးကို တိုက်တွန်းခဲ့သည်။ လက်ဘနွန်နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံအားလုံးကို မြင့်မားသောသတိရှိရန်နှင့် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများအတွက် ကြီးမားသော လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကြိုတင်ပြင်ဆင်မှုများတိုးမြှင့်လုပ်ဆောင်ရန် ဝန်ကြီးဌာန အရေး ပေါ်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် နိုင်ငံသားအားလုံးကို ၎င်းတို့၏ ပေဂျာကိရိယာများကို ချက်ချင်း စွန့်ပစ်ရန်လည်း ဝန်ကြီးဌာနက တောင်းဆိုထားကြောင်း သိရသည်။

#PAN