ရွှေဘိုမြို့၊ လုံခြုံရေးအဖွဲ့ဝင်များမှ လူ/ယာဉ်သွားလာမှုများအား ရှောင်တခင် စစ်ဆေးရာ မူယစ်ဆေးဝါးသယ်ဆောင်လာသော မော်တော်ယာဉ်ဆိုင်ကယ်တစ်စီးဖမ်းစီးရမိ


စက်တင်ဘာ ၁၈
ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ အမှတ်(၇)ရပ်ကွက် အောင်မြေဘုရားဝန်းအနီး လုံခြုံရေးအဖွဲ့ဝင်များမှ လူ/ယာဉ်သွားလာမှုများအား ရှောင်တခင်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး သယ်ဆောင်လာသော မော်တော်ယာဉ်ဆိုင်ကယ်တစ်စီး ဖမ်းဆီးရမိကြောင်း သိရပါသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ လူ/ယာဉ်သွားလာမှုများအား ရှောင်တခင်စစ်ဆေးခဲ့ရာ အောင်သူ မောင်းနှင်ပြီး မာမာခိုင် လိုက်ပါလာသော Jialing Super CUP (စိမ်း)ဆိုင်ကယ်အား သတင်းအရ ရပ်တန့်၍ရှာဖွေစစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးဟု ယူဆရသော ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြားပါ ၂၀ ထုပ်၊ စုစုပေါင်း ၃၄၂ ဂရမ်ခန့်(၁ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး ၁၁၄သိန်း) အား တွေ့ရှိခဲ့သဖြင့် ၎င်းတရားခံ ၂ ဦးအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် နိုင်ရန်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

#PAN