ရေဘေးသင့်ဒေသများအတွက် CB Bank မှ ငွေကျပ်သိန်း ၃ သောင်းမတည်လှူဒါန်း


(ပြည်တွင်း) စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ရေဘေးသင့်ဒေသများအတွက် CB Bank မှ စက်တင်ဘာလ ၁၄ ရက်ကနေစတင်ကာ ငွေကျပ် သိန်း ၃ သောင်းမတည်၍ လှူဒါန်းမှုများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ရေဘေးသင့်ဒေသများမှာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ကူညီမှုများပြုလုပ်ပေးလျက်ရှိတဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းများ၊ ပရဟိတအသင်းများ၊ ကြက်ခြေနီအသင်းများနှင့် လိုအပ်သည့်နေရာများသို့ အလှူငွေများ၊ စက်လှေများ၊ အစားအသောက်များနှင့် ဆေးဝါးများကို CB Bank မှနေစဉ်လှူဒါန်းပေးလျက်ရှိတယ်လို သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN