ရေကြီးရေလျှံမှုများကြောင့် ဥရောပတွင် ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပွားလာနိုင်ဖွယ်ရှိ

(နိုင်ငံတကာ) စက်တင်ဘာ ၁၈
ဥရောပအလယ်ပိုင်းတစ်ဝှမ်းတွင် လူအသေအပျောက်များသော ရေလွှမ်းမိုးမှုများကြောင့် ဒယ်နူဘီ မြစ်ပေါ်ရှိ ရေပမာဏသည် ပိုမိုမြင့်တက်လာသည်။Boris မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း မှုများဖြစ်ပေါ်ခဲ့ပြီး အင်္ဂါနေ့တွင် လျော့နည်းသွားသော်လည်း ဒေသအနှံ့ ရေမျက်နှာပြင် မြင့်တက် နေဆဲဖြစ်သည်။ ဩစတြီးယားတွင် နှင်းများအရည်ပျော်မှုနှင့် မြေပြိုမှုများကြောင့် ရာသီဥတု ပြောင်းလဲမှုအပေါ် ခြိမ်းခြောက်ခံရလျက်ရှိပြီး ရက်သတ္တပတ်အတွင်း အဲလ်ပ်စ်အရှေ့ဘက်သို့ ပြင်းထန်စွာ ရွာသွန်းခဲ့သော မိုးများကြောင့် အအေးလွန်ကဲလျက်ရှိသည်။
ချက်အာဏာပိုင်များသည် နိုင်ငံမြောက်ပိုင်းရှိ Ostrava နှင့် နိုင်ငံတောင်ပိုင်းဒေသများတွင် ရေလွှမ်းမိုးမှုအန္တရာယ်ကို စောင့်ကြည့်နေပြီး ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားတို့အတွက် အနီရောင်အဆင့် ရေလွှမ်းမိုးမှုသတိပေးချက်များကိုလည်း ထုတ်ပြန်ထားသည်။ ပိုလန်တွင်၊ Wroclaw မြို့သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် မြစ်ရေတက်မှုကြောင့် ရေကြီးမှုအန္တရာယ် ရင်ဆိုင်ရနိုင်ခြေရှိနေသည်။
ယခုနွေရာသီတွင် မြေထဲပင်လယ်ရှိ အပူလှိုင်းများသည် ဥရောပတစ်ဝှမ်းရှိ မုန်တိုင်းများ၏ ပြင်းထန်မှုနှင့် အကြိမ်ရေကို တိုးမြင့်လာစေသည့် ပင်လယ်ရေအပူချိန်ကို သိသိသာသာ မြင့်တက် လာစေသည်။ ဤဖြစ်စဉ်သည် ပြင်းထန်သော ရာသီဥတုဖောက်ပြန်မှုဖြစ်စဉ်များ၏ ကြိမ်နှုန်းကို တိုးမြင့်လာစေသည့် လက္ခဏာတစ်ရပ်ဖြစ်သည်။
ရေကြီးမှုကြောင့် သြစတြီးယား၊ ချက်သမ္မတနိုင်ငံနှင့် ရိုမေးနီးယားတို့တွင် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီးနောက် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြတ်တောက်ခဲ့ပြီး မြို့ရွာအများအပြားသို့ လျှပ်စစ်မီးများ ခေတ္တဖြတ်တောက်ခဲ့ရပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း ဘန်ကောက်ပို့စ် အရ သိရသည်။

#PAN