ကျောက်ကပ်အတွက် မကောင်းတဲ့ အစားအစာများ

(ကျန်းမာရေးကဏ္ဍ)
စက်တင်ဘာ ၁၉

     ဒီနေ့ ကျန်းမာရေးကဏ္ဍအနေနဲ့ ကျောက်ကပ်အတွက် မကောင်းတဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။  

      Butter နဲ့ mayonnaise တို့က ကျေက်ကပ် ဝေဒနာရှင်တွေအတွက် မကောင်းပါဘူး။ အဲဒီနှစ်မျိုးလုံးမှာ ကယ်လိုရီနဲ့ ပြည့်ဝဆီတွေ မြင့်မားစွာပါဝင်ပါတယ်။ ဒါ့အပြင် ကိုလက်စထရောလည်း မြင့်မားစွာပါဝင်ပါတယ်။

       လိမ္မောသီးဆိုတာ ဗီတာမင်စီ ကြွယ်ဝတဲ့အသီးဖြစ်ပေမယ့်လည်း လိမ္မော်သီးကို လတ် လတ်ဆတ်ဆတ် ညှစ်ထားလို့ရလာတဲ့ လိမ္မော်ရည်ကတော့ ကျောက် ကပ်ကို ထိခိုက်စေပါတယ်။ အဲ့ဒါကြောင့် အသီးဖျော် ရည် သောက်မယ်ဆို လိမ္မော်သီးကိုညှစ်ပြီးရလာတဲ့လိမ္မော်ရည်ကို မသောက်ပါနဲ့။ တခြားအသီးဖျော်ရည်တွေကိုပဲ သောက်ပေးပါ။

       နောက်ပြီးတော့ ဆားများများ စားသုံးမှုကိုလည်း ရှောင်သင့်ပါတယ်။ ဆားပါဝင်မှုများတဲ့ သရေစာတွေ၊ အသင့်စားအစားအစာတွေက ကျောက်ကပ်မှာ ကျောက်တည်စေပါတယ်။ အေးခဲထားတဲ့ မုန့်တွေ၊ အရသာမှုန့်နဲ့ အသင့်စားအာလူးကြော် စတဲ့ အစား အစာတွေကို အထူးရှောင်သင့်ပါတယ်။

      အနီရောင်အသားမှာပါဝင်တဲ့ ပရိုတင်းဓာတ်က ချေဖျက်ဖို့ ခက်တာကြောင့် အများအပြားစားလိုက်မယ်ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။

      ငှက်ပျောသီးမှာ ပိုတက်စီယမ်ပါဝင်မှုမြင့်မားတာကြောင့် တနေ့ကို နှစ်လုံးထက်ပိုမစားသင့်ပါဘူး။ တစ်နေ့ကို ငှက်ပျောသီးနှစ်လုံးထက် ပိုစားလိုက်ရင် ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

      ဒါ့အပြင် ထောပတ်သီးက အာဟာရကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပေမယ့် ပိုတက်စီယမ်ပါဝင်မှု ပမာဏများလွန်းတာကြောင့် တော်ရုံသင့်ရုံမဟုတ်ဘဲ စားသုံးသင့်ပါတယ်။ အလွန်အကျွံစားလိုက်ရင် ကျောက်ကပ်ကို ထိခိုက်စေတဲ့အပြင် ကြွက်သားနာကျင်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေကိုပါ ဖြစ်စေပါတယ်။

#PAN