ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် က မုန်တိုင်းဒဏ်သင့် ထိုင်းနှင့်မြန်မာအစိုးရများထံသို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို


(ပြည်တွင်း) စက်တင်ဘာ ၁၈

တိုက်ဖွန်းမုန်တိုင်းယာဂီကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုများပြားခဲ့တဲ့ ထိုင်းနှင့် မြန်မာအစိုးရများထံ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်မာနက် က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံပေးပို့ခဲ့တဲ့ မစ္စတာ ဟွန်မာနက် ရဲ့ သဝဏ်လွှာမှာ ၎င်းအနေနဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ရေဘေးကြောင့် အသက်အိုးအိမ်ဆုံးရှုးခဲ့ရသူများ အတွက် ထပ်တူဝမ်းနည်းမိပါကြောင်းနှင့် ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူတစ်ရပ်လုံးကိုယ်စား ယခုစာကိုပေးပိုခြင်းဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ပီထုန်ထန်ရှင်နာဝပ်ထရာထံပေးပိုတဲ့ သဝဏ်လွှာမှာ ၎င်းအနေနဲ့ ထိုင်းပြည်သူများရဲ့ ကြံ့ကြံ့ခံနိုင်ရည်စွမ်းအားကိုယုံကြည်သကဲ့သို့ မစ္စပီထုန်ထန် ရဲ့ဦးဆောင်မှုအောက်မှာ ထိုင်းနိုင်ငံသားများအနေနဲ့ ယခုအခြေအနေဆိုးကြီးကို မြန်မြန်ဆန်ဆန်ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တိုက်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့်ရေကြီးရေလျှံမှုအတွင်း သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သူ များအနေနဲ့လည်း လျင်မြန်စွာပျောက်ကင်းကျန်းမာစေကြောင်း မစ္စတာဟွန်မာနက် က ဆုတောင်းစကား ပြောကြား ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN