Yangon International Trade Expo 2024 ပြပွဲ ရန်ကုန်မြို့၌ကျင်းပမည်

(ပြည်တွင်း) စက်တင်ဘာ ၁၇

      နိုင်ငံတကာကုန်စည်ပြပွဲနှင့် Networking Exhibition ဖြစ်သည့် Yangon International Trade Expo 2024 ပြပွဲကို အောက်တိုဘာလ ၂၅ ရက်မှ ၂၇ ရက် အထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အင်းလျားလိတ် ဟိုတယ် Yangon Convention Center (YCC)၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

       ပြပွဲတွင် ဆောက်လုပ်ရေးစက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများ၊ အိမ်ခြံမြေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်း များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ၊ IT ဆက်သွယ်ရေးနည်းပညာနှင့် Renewable Energy ဆိုင်ရာ လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်စားသောက်ကုန်ဆိုင်ရာလုပ်ငန်းများ စတဲ့ အခြားသော ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ ကို ပြခန်းပေါင်း ၂၀၀ ကျော်ဖြင့် ပြသသွားမှာဖြစ်ပါတယ်။

       ဒါ့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအတွက် အခြေခံကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ပြပွဲ အတွင်းလာရောက်လေ့လာနိုင်ပြီး စီးပွား ရေးပညာရှင်များ၏ Seminar များ၊ Business Matching Program များနှင့် Networking Event များကိုလည်း တစ်ပါတည်းကျင်းပသွားမှာဖြစ်ပါတယ်။

       အဆိုပါ ပြပွဲကို Silver Sea Co.,Ltd. မှကြီးမှူး၍ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များအပြင် အိမ်နီးချင်းနိုင်ငံ များဖြစ်တဲ့ တရုတ်နှင့်ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံများကိုလည်း ဖိတ်ခေါ်ထားပြီး ပြပွဲသို့ ဝင်ရောက်ပြသလိုသူ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအနေဖြင့် ဖုန်း ၀၉-၄၀၉၄၀၀၀၅၅၊ ၀၉-၄၀၉၄၀၀၀၆၆၊ ၀၉-၄၀၉၄၀၀ဝ၇၇၊ ဝ၉-၄၃၁၂၅၁၈၅ တို့သို့ ဆက်သွယ်စုံစမ်းကြောင်း သိရပါတယ်။

#PAN