ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေပြန်လည်ကျဆင်းသွားသည့်နေရာများအား သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

(ပြည်တွင်း) စက်တင်ဘာ ၁၇

      နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများ မြင့်တက် ကာ မြို့နယ်အချို့ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီ ရွှေ့ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်း ပေးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင် ရွက်ပေး လျက်ရှိသည်။

ယမန်နေ့ကလည်း ရေကြီးရေလျှံဖြစ်ပေါ်နေသည့် လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ နယ်၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ များက ကူညီကယ် ဆယ်ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ရေများပြန်လည် ကျဆင်းသွားသည့် နေရာများရှိ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နှုန်းများ၊ သစ်ပင် သစ်ကိုင်းများ ဖယ်ရှားပေး ခြင်းအပါအဝင် သန့်ရှင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်ပူးပေါင်း ၍ တက် ကြွစွာ  ဆောင်ရွက်ပေးလျက်ရှိသည်။  

     ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကိုလည်း လမ်းပန်း ဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ပျက်စီးခဲ့သည့် လမ်း/တံတားများကိုလည်း ယာယီသံဘောင်ဘေလီ တံတား များ အစားထိုး၍ အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ပုဗ္ဗသီရိ မြို့နယ်၊ ဆင်တဲကြီးကျေးရွာနှင့် ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာသို့ ဆက်သွယ်ထားသော သိုက်ချောင်းတံတား(ဆင်သေချောင်းကူး)၊  ပုဗ္ဗသီရိမြို့နယ်၊ ဉယျာဉ်စုကျေးရွာနှင့် ဇေယျာသီရိမြို့နယ်၊ ဒိုးပင်းကုန်းကျေးရွာသို့ ဆက်သွယ်ထား သော သိုက်ချောင်းတံတား(ဆင်သေချောင်းကူး)နှင့် တပ်ကုန်းမြို့နယ်၊ ကင်းသာ ကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ နဝင်းချောင်းတံတား(အဆုံ) တံတား ၃ စင်းတို့အား ယာယီဘေလီတံတား အစားထိုးခြင်းကို ပြီးစီးပြီဖြစ်၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။


       ထို့ကြောင့် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှု ကြောင့် ပျက်စီးသွားသည့် တံတားများအနက် တံတား ၆ စင်းအား ယာယီဘေလီတံတား အစားထိုးခြင်းကို ပြီးစီးပြီဖြစ်၍ ပြုပြင်ရန် ကျန်ရှိနေသည့် တံတားများကိုလည်း အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

       ထို့ပြင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေပြည် တော်ကောင်စီနယ်မြေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားပြီး လိုအပ်သည့်ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကာ ရေဘေးသင့်ပြည်သူများ စားသောက်ရေးအခက်အခဲမရှိစေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်ပြည်သူများက ထမင်းဘူးများ၊ ရေသန့်များ၊ အခြားစားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများကို လိုက်လံပေးအပ်လျက်ရှိသည်။

      ထိုသို့ ဆောင်ရွက်ပေးနေမှုများကို နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာ များပေးအပ်၍ ရင်းရင်း နှီးနှီး အားပေးစကားများ ပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

#PAN