ရုရှားနှင့် တရုတ်ရေတပ်မှ စစ်သင်္ဘောများ ဂျပန်ပင်လယ်၌ ဒုံးကျည်နှင့်အမြောက် ပစ်ခတ်လေ့ကျင့်

(နိုင်ငံတကာ)စက်တင်ဘာ ၁၇

      အိုးရှင်း ၂၀၂၄ စစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားပစိဖိတ်ရေတပ်မှ စစ်သင်္ဘောများနှင့် တရုတ်ရေတပ်မှ စစ်သင်္ဘောများသည် စက်တင်ဘာလ ၁၅ ရက်တွင် ဒုံးကျည်နှင့် အမြောက် ပစ်ခတ်မှုများ လေ့ကျင့်ခဲ့ကြကြောင်းနှင့် ဂျပန်ပင်လယ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ရုရှားပစိဖိတ်ရေတပ်မှ စစ်သင်္ဘော ၁၅ စီး ပါဝင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

     ဂျပန်ပင်လယ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် တရုတ်ရေတပ်မှ ဖျက်သင်္ဘောနှစ်စီးနှင့် ဖရီးဂိတ်စစ်သင်္ဘော တစ်စီးတို့ ပါဝင်ခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရသိရသည်။ တရုတ်နှင့် ရုရှားရေတပ်သင်္ဘောများ၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရုရှားရေတပ်မှ စစ်ရေယာဉ်နှင့် ရဟတ်ယာဉ် ၁၀ စင်းတို့က အထောက်အပံ့ ပေးခဲ့ကြကြောင်း ရုရှားကာ ကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

       အိုးရှင်း ၂၀၂၄ စစ်ရေးလေ့ကျင့်မှုသည် ရုရှားနိုင်ငံအတွက် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့ပြီး နောက် ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း သိရသည်။

        ပစိဖိတ်သမုဒ္ဒရာ၊ အာတိတ်သမုဒ္ဒရာ၊ မြေထဲပင်လယ်၊ ကတ်စပီယံပင်လယ်နှင့် ဘောလ်တစ်ပင်လယ်ဒေသ တို့၌ ပြုလုပ်နေသည့် အိုးရှင်း ၂၀၂၄ စစ်ရေးလေ့ကျင့်မှုတွင် ရုရှားရေတပ်မှ စစ်သင်္ဘော၊ ရေငုပ်သင်္ဘောနှင့် ထောက်ပို့သင်္ဘောအစီး ၄၀၀ ကျော်၊ လေယာဉ်နှင့် ရဟတ်ယာဉ် ၁၂၀ ကျော် ပါဝင်လျက်ရှိကြောင်း သိရသည်။

#PAN