နေပြည်တော်ကောင်စီနယ်မြေမှာ မိုးသီးနှံဧက ၄၇,၀၀၀ ကျော် ရေကြီးနစ်မြုပ်

(ပြည်တွင်း) စက်တင်ဘာ ၁၇

      နေပြည်တော်ကောင်စီနယ်မြေမှာ ရေကြီးရေလျှံမှုတွေကြောင့် မိုးသီးနှံဧက ၄၇,၀၀၀ ကျော် ရေကြီးနစ် မြုပ် ခဲ့ပြီး ဧက ၃,၉၀၀ ကျော် သီးနှံပျက်စီးခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ သိရ ပါတယ်၊၊ နေပြည်တော်ကောင်စီနယ်မြေမှာ စုစုပေါင်း မိုးသီးနှံဧက ၃၄၅,၀၀၀ စိုက်ပျိုးခဲ့ပြီး ဧက ၄၇,၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ပါတယ်။

      လက်ရှိအချိန်အထိ ဧက ၂၈,၀၀၀ ပြန်ပေါ်ခဲ့ပြီး ထိခိုက်မှုရှိခဲ့တဲ့ ဧက ၁၇,၀၀၀ ကျော်မှာ ဧက  ၃,၉၀၀ ကျော်က ပျက်စီးမှုများရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါရေကြီးမှုတွေကြောင့် ပျက်စီးခဲ့တဲ့ စိုက်ပျိုးမြေတွေကို ရာသီချိန်အမီ ပြန်လည်စိုက်ပျိုးနိုင်ရေးနဲ့ ထိခိုက်ခဲ့တဲ့ သီးနှံစိုက်ခင်းတွေကို အထွက်နှုန်းနဲ့ သီးနှံအရည် အသွေးထိခိုက်မှု သက်သာ စေရေး၊ ရေကြီးရေလွှမ်းပြီးနောက် သီးနှံစိုက်ခင်းတွေကို ကျရောက်တတ်တဲ့ သီးနှံပိုးမွှားရောဂါတွေ ကာကွယ်နှိမ်နင်း ရေးအတွက် နည်းပညာနဲ့ အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊

       ဒါ့အပြင် တောင်သူတွေအနေနဲ့ ဆီထွက်နေကြာသီးနှံကို လျာထားဧကအတိုင်း တွဲဖက်စိုက်ပျိုးဖို့ လိုအပ်ပြီး နေကြာသီးနှံအစေ့အဆန် အောင်မြင်စေဖို့ ဝတ်မှုန်ကူးပျားမွေးမြူခြင်းအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စက်တင် ဘာလ ၁၅ ရက်မှာ ပုဗ္ဗသီရိနဲ့ဇေယျာသီရိမြို့နယ်များရှိ တောင်သူများနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

#PAN