ထိုင်းမိသားစုအား ကယ်တင်ခဲ့တဲ့ မြန်မာလူငယ်တစ်စုကို ထိုင်းမီဒီယာများက ဂုဏ်ပြုဖော်ပြနေ

(ပြည်တွင်း) စက်တင်ဘာ ၁၇

      ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ရေကြီးမှုဖြစ်စဉ်အတွင်း ထိုင်းနိုင်ငံသားမိသားစုကို ကယ် တင်ခဲ့သည့် မြန်မာလူငယ်တစ်စုကို ထိုင်းသတင်းမီဒီယာများက ချီးကျူးဂုဏ်ပြုဖော်ပြလျက်ရှိတယ်လို့ သိရပါတယ်။

       စက်တင်ဘာလ ၁၃ ရက်က ထိုင်းမိသားစုကို ကူညီကယ်တင်ရန် သွားရောက်ခဲ့တဲ့ မြန်မာလူငယ်တစ်စုကို အခြားထိုင်းနိုင်ငံသားများက Video ရိုက်ကူးကာ ရေကြီးရေလျှံမှုအတွင်း လိုက်လံခိုးယူနေသူများ ဟုဆိုကာ လူမှုကွန်ရက်မှာ ရေးသားမျှဝေခဲ့ကြတာ ဖြစ်ပါတယ်။

      အဆိုပါ Video ဖိုင်မှာ ထိုင်းနိုင်ငံအတွင်းရှိ ပျံ့နှံ့သွားတဲ့အပြင် ထိုင်းနိုင်ငံမီဒီယာမှလည်း အချက် အလက် သေချာစွာမသိဘဲ ဖော်ပြခဲ့ခြင်းကြောင့် အဆိုပါလူငယ်တစ်စုမှာ ဝေဖန်ပြစ်တင်ခြင်းများခံခဲ့ကြရပါတယ်။ သို့သော် မြန်မာလူငယ်တစ်စုရဲ့ ကူညီကယ်တင်ခြင်းကို ခံခဲ့ရတဲ့ ကာယ ကံရှင် ထိုင်းနိုင်ငံ သားအမျိုးသမီးတစ်ဦးက မြန်မာလူငယ်တစ်စုမှာ သူခိုးများမဟုတ်ဘဲ မိမိတို့မိသားစုဝင်များရဲ့အသက်ကို ကယ်တင်ခဲ့သည့်အပြင် အစားအသောက် များကိုပါ ဝယ်ယူကျွေးမွေးခဲ့သူများဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ်။

      ဒါ့ကြောင့် ဖြစ်စဉ်အပေါ် သေချာမသိရှိဘဲ လူမှုကွန်ရက်မှာ စတင်ရေးသားမျှဝေသူနှင့် သတင်းအချက်အလက် သေချာမသိရှိဘဲ ထုတ်လွှင့်ဖော်ပြခဲ့တဲ့ သတင်းဌာနများအနေနဲ့ မြန်မာလူငယ်များကို တောင်းပန်ရန် ထိုင်းလူမှုကွန်ရက် သုံးစွဲစုသူများအကြား အပြန်အလှန်ပြောဆိုနေမှုများ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

      လက်ရှိမှာ ထိုင်းနိုင်ငံသားမိသားစုကို ကူညီကယ်တင်ခဲ့တဲ့ အဆိုပါ မြန်မာလူငယ်တစ်ခုမှာ ထိုင်းလူမှုကွန်ရက် အသုံးပြုသူများအကြား သူရဲ ကောင်းများဖြစ်နေကြောင်းနှင့် ကျေးဇူးတင်ဂုဏ်ယူကြောင်း သတင်းစကားများ အပြန်အလှန်ပြောဆိုနေတယ်လို့ သိရပါတယ်။

#PAN