ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာအနီး အကြမ်းဖက် PDF အလောင်းနှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) စက်တင်ဘာ ၁၆

ယမန်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းရွာအနီး နယ်မြေရှင်းလင်း‌ရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ မောင်းပြန်သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၅.၅၆ ကျည် ၃၇ တောင့်၊ ၁၂ ဗို့ကျည် ၂၀ တောင့်၊ ဘေးလွယ်အိတ် ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN