မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေးပါတီမှ တောင်ငူမြို့ရေဘေးသို့ လှူဒါန်းမှုများပြုလုပ်

(ပြည်တွင်း) စက်တင်ဘာ ၁၆

ရာဂီမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်းက မုန်တိုင်းငယ်၏အရှိန်ကြောင့်ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေသော တောင်ငူမြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီလှူဒါန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့က တောင်ငူမြို့ရှိ ရေဘေးသင့်ပြည်သူများအား လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်စွာစိုး ဦးဆောင်ကာ ပါတီဝင်များမှ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တောင်ငူမြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အဝတ်အထည်များ ၊ သောက်ရေသန့် ၊ အစားအသောက်များ ၊ အိမ်သုံးဆောင် ပစ္စည်းများကို ကူညီလှုဒါန်းခဲ့ကြသည်ဟု သိရသည်။

#PAN