ကျောက်တန်းမြို့နယ် ၂ လောင်ပြိုင်လူသတ်သမားအား ၅ ရက်အတွင်း ဖမ်းဆီးရမိ

********************************

(မှုခင်း) စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွာသစ်ကလေးကျေးရွာအုပ်စု ကြာကန်ကျေးရွာ(တောင်ကွင်း)ရှိ လယ်တဲနေအိမ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့က နှစ်လောင်းပြိုင်လူသတ်မှု တရားခံအာဖမ်းစီ ရမိပြီဖြစ်ကြောင်း သိရှိရသည်။

အခင်းဖြစ်သည့်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိတို့မှ သွားရောက်စစ်ဆေးရာ အခင်းဖြစ်အရပ်မှ အရိုးအသွား(၂၀)လက်မခန့် ဝါးရိုးတပ်ဓားမ(၁)ချောင်း အရိုးအသွား (၁၆)လက်မခန့်ရှိ ဝါးရိုးတပ်ဓားမ(၁)ချောင်းနှင့် သေတ္တာမှဖျက်ထားသည့် သော့ခလောက် (၁)လုံးတို့အားသိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖြစ်စဥ်မှ တရားခံအမြန် ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်တဲအိမ်သို့ ပထမဆုံးရောက်ရှိခဲ့သည့် အသတ်ခံရ၍သေဆုံးသူ မောင်မဲ(ခ)မူးမရမ်းသီး ၏ မွေးစားအသားဖြစ်သူ နေမင်း (ခ)ငါးပနော်(ခ)ဒတ်ချေးနား အပါ(၁၂)ဦးတို့အား အမှုဖြင့်တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဖော်ထုတ်မှုအရ မောင်မဲ(ခ)မူးမရမ်းသီးနှင့် ဇနီးဖြစ်သူ မမိုးမိုး(ခ)မယ်ဒီ တို့နှစ်ယောက်အားသတ်သည့် တရားခံမှာအသတ်ခံရသူ၏ မွေးစားသား ဖြစ်သူ နေမင်း(ခ)ငါးပနော်(ခ)ဒတ်ချေးနား၊ အသက် ၃၇ နှစ်၊ (ဘ)ဦးဆာမိ ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်မှုအရ သိရှိရပြီး၊ ထို နေမင်း(ခ)ငါးပနော်(ခ)ဒတ်ချေးနား သည် မွေးစားမိဘများအား စိတ်ဆင်းရဲအောင် မကြာခဏပြုလုပ်၍ အသတ်ခံရသည့် မွေးစားမိဘများက တဲအိမ်ပေါ်မှနှင်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းသည် အိမ်ထောင်(၃)ဆက်ကျခဲ့ပြီး ပထမ ဒုတိယအိမ်ထောင်တို့ဖြင့် သားသမီး ၂ ယောက်စီ ရခဲ့သော်လည်း စိတ်သဘောထား မတိုက်ဆိုင်၍ ကွဲခဲ့ကြောင်း ယခု ကွနှီးကျေးရွာ၊ စမ်းချောင်းကွင်း၊ ဦးလောကြီး၏ လယ်တဲတွင် စာရင်းငှားလုပ်ကိုင်ရင်း တတိယအိမ်ထောင်ဖြင့် ပေါင်းသင်းနေထိုင်စဥ် (၅)လသားအရွယ် သားတစ်ယောက်ထွန်းကား၍ နေစရာမရှိသဖြင့် မွေးစားဖခင်ဖြစ်သူ၏ လယ်တဲအနီးရှိ ကုန်းမြေတစ်နေရာတွင် နေစရာပေးရန်တောင်းခံခဲ့ရာ မွေးစားဖခင်မှ မပေးနိုင်ကြောင်း ငြင်းဆိုခဲ့သဖြင့် မကျေမနပ်ဖြစ်ခါ စိတ်နာပြီးသတ်ဖြတ်ရန်စဥ်စားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ သတ်ဖြတ်ရန်အတွက် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ကွနှီးကျေးရွာအရက်ဆိုင်တွင် အရက်သောက်ခဲ့ပြီးနောက် နေစရာမပေးမှု အားတွေးပြီး ဒေါသဖြစ်ကာသတ်ဖြတ်ရန် စဥ်းစားဆုံးဖြတ်ခဲ့ပြီး နံနက် ၁၁ နာရီခွဲအချိန်ခန့် ဇွဲဘာကုန်းတန်းကျေးရွာသို့ သွားရောက်ခဲ့ပြီး “အားမာန်သစ် ဆေးနှင့် စတိုးဆိုင်”မှ ခဲတံချွန်ခေါက်ထား(၁)ချောင်းကို ဝယ်ယူ၍ ၎င်းတဲနေအိမ်သို့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး နွားစာရိတ်ခြင်းနှင့် လယ်ယာလုပ်ငန်းကိစ္စများ လုပ်ကိုင်ခဲ့ပြီး ၎င်းည ၁၁ နာရီ အချိန်ခန့်တွင် နေအိမ်မှ ၎င်းဝယ်ယူ ခဲ့သောခဲတံချွန်ခေါက်ဓားကို ယူဆောင်ပြီး မွေးစားမိဘ ဇနီးမောင်နှံ နေထိုင်သည့် တဲနေအိမ်သို့ ခေါင်းစွပ်ဓာတ်မီး ၁ လတ်ဖြင့် သွားရောက်ခဲ့ရာရောက်ရှိစဥ် တဲနေအိမ်ပေါ်ရှေ့ခန်းတွင် မွေးစားဖခင် ကွမ်းစားနေသည်ကိုတွေ့ရှိရပြီး ၎င်းအား “ဘာလာလုပ်တာလဲ” မေးမြန်းသဖြင့် မိန်းမနှင့်စကားများလာ၍ အိမ်ပေါ်မှဆင်းလာခဲ့ကြောင်း ပြောဆိုပြီးခြေထောက်ဆေး၍ တဲနေအိမ်ပေါ်သို့တက် သွားခဲ့ပြီး တဲနေအိမ်ပေါ်တွင်တွေ့ရှိရသည့် ဓားမဖြင့် မွေးစားဖခင်၏ ဦးခေါင်းနှင့် လည်းပင်းအား ၃ ချက်ခုတ်ခဲ့ကြောင်းနှင့် ဓားဖြင့်ခုတ်သံကြား၍ တဲနေအိမ် အိပ်ခန်း ခြင်ထောင်အတွင်းမှ ဦးခေါင်းထွက်ကြည့်သည့် မမိုးမိုး(ခ)မယ်ဒီ အား အသင့်ပါလာသည့် ခဲတံချွန်ခေါက်ဓားဖြင့် လည်ပင်းအား ၁ ချက်လှီးဖြတ်ခဲ့ ကြောင်း ထို့နောက်အနီးရှိ သော့ခ်ခတ်ထားသော အပြာရောင်သေတ္တာအား အနီးတွေ့ရသည့် ဓားမဖြင့် ကလန့်ဖွင့်၍ သေတ္တာအတွင်းကြည့်ရာ တန်းဖိုးရှိပစ္စည်း မတွေ့ရ၍ ၎င်း၏ နေအိမ်သို့ပြန်လာခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်၍မွေးစားမိဘနှစ်ပါးကို သတ်ခဲ့သူ နေမင်း(ခ)ငါးပနော်(ခ)ဒတ်ချေးနား အားဖမ်းဆီး၍ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကမာကလုတ် နယ်မြေရဲစခန်းမှ (ပ)၇/၂၀၂၄၊ အမှုကြီးအမှတ်စဥ်(၂)၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ အရအမှုဖွင့်ထားခဲ့အ တိုင်း ကမာကလုပ်နယ်မြေမှ တာဝန်ရှိသူများမှလိုအပ်သည်များ ထပ်မံ စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN