Vitamin C ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ


(ပြည်တွင်း) စက်တင်ဘာ ၁၅

Vitamin C က နာတာရှည်ရောဂါတွေ ဖြစ်ပွားနှုန်းတွေကို ကျဆင်းစေပါတယ်။ Vitamin C ဟာ antioxidant ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင် ပေးပါတယ်။ နာတာရှည်ဖြစ်စေမယ့် အကြောင်းအရင်းဖြစ်တဲ့ free radicals တွေရဲ့ ဘေးရန်ကနေ ကာကွယ်ပေးလို ဖြစ်ပါတယ်။

သွေးပေါင်ချိန် မြင့်မားခြင်းကိုလည်း ထိန်းညှိပေးပါတယ်။ Vitamin C ဟာ သွေးပေါင်ကို ကျဆင်းစေတဲ့နေရာမှာ ကူညီပေးလိုဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ဖြစ်ပွားမှု နှုန်းကို လျော့ကျစေပါတယ်။

လေ့လာချက်တွေအရ တစ်ရက်ကို Vitamin C 500 mg ပုံမှန်သောက်သုံးတဲ့သူတွေဟာ ပုံမှန်လူတွေထက် ၂၅% ‌နှလုံးရောဂါဖြစ်ပွားမှု လျော့နည်းသွားတာဖြစ်လို Vitamin C ကို ပုံမှန်သောက်သုံး ပေးသင့်ပါတယ်။

သွေးတွင်း Uric acid ပါဝင်မှုကို လျော့နည်းစေပြီး ကိုက်ခဲနာကျင်တတ်တဲ့ Gout ရောဂါမှလည်း ကာကွယ် ပေးပါတယ်။ သံဓာတ်အားနည်းခြင်း Iron deficiency ကိုလည်း ကာကွယ်ပေးပါတယ်။ Vitamin C ဟာ အူတွင်းမှ သံဓာတ်စုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေလို အမျိုးသမီးတွေ အများစုဖြစ်တတ်တဲ့ သံဓာတ်ချိုတဲ့ သွေးအားနည်း ရောဂါကို အထိုက်အလျောက် ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ဦးနှောက်မှတ်ဉာဏ်စွမ်းရည်နဲ့ တွေးခေါ်နိုင်စွမ်းကိုလည်း ကောင်းမွန်စေပါတယ်။ ပထမဆုံး ပြောခဲ့သလိုပါပဲ၊ Vitamin C ဟာ strong antioxidant ဖြစ်လို ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မေ့တတ်ခြင်းကို လျော့ချပေးပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN