အကြမ်းဖက်သမားများ ပစ်ချသည့် Drop Bomb ထိမှန်၍ အပစ်မဲ့ လူငယ် ၂ ဦးပြင်းထန်ဒဏ်ရာရရှိ


(ပြည်တွင်း) စက်တင်ဘာ ၁၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်‌၊ ဝဲခမိကျေးရွာတွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်က အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့မှ ပစ်ချသည့် Drop Bomb ထိမှန်၍ လူငယ် ၂ ဦး ထိခိုက်ဒါဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ်‌၊ ဝဲခမိ ကျေးရွာနေသူများဖြစ်ကြသော နိုင်ငယ်ထူးထူးလင်း၊ လမင်းမောင်၊ မဇင်မာထွေး၊ မနန်းထွန်းလှတို့ ၄ ဦးသည် ကျောင်းရွာကျေးရွာ အနီးရှိ ရေကန်တွင် ရေကစားခဲ့ကြပြီး ကျောင်းရွာ-လင်မသာ-ဝဲခမိကျေးရွာလမ်းအတိုင်း ပြန်လည်စဉ် လင်မသာကျေးရွာ၏ အရှေ့ဘက်(၆)ဖာလုံခန့်အကွာအရောက်တွင် အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့ (ခေါင်းဆောင်/အင်အား၊ စိစစ်ဆဲ)မှ ပစ်ချသည့် Drop Bomb ၁ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် နိုင်ငယ်ထူးထူးလင်း၊ အသက် ၁၉ နှစ် နှင့် မဇင်မာထွေး၊ အသက် ၁၉ နှစ်တို့ ၂ ဦးမှာ Bomb စထိမှန်ဒါဏ်ရာများရရှိခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့ ၏ Drop Bomb ကြောင့် နိုင်ငယ်ထူးထူးလင်းတွင် ယာခြေတံကောက်ကွေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်း ပေါက်ပြဲ ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)နှင့် မဇင်မာထွေးတွင် ဝဲဘက်လက်မောင်း ပေါက်ပြဲ ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့သောကြောင့် သံဖြူဇရပ်ပြည်သူ့ဆေးရုံမှ တဆင့် မော်လမြိုင်ဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN