သီပေါမြို့နယ် အတွင်း တပ်မတော်နှင့် TNLA အကြမ်းဖက်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား


(ပြည်တွင်း) စက်တင်ဘာ ၁၅

ယနေ့ နံနက် ၅ နာရီကျော်အချိန်ခန့်တွင် သီပေါမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးစစ်ကြောင်းများနှင့် TNLA အကြမ်းဖက် တပ်မဟာ(၂)လက်အောက်ခံ ရင်း(၂၅၆)မှ အကြမ်းဖက်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲတွင် ရန်သူအား နယ်မြေရှင်းစစ်ကြောင်း ၂ ကြောင်းမှ ညှပ်ပိတ်ချေမှုန်းခဲ့ကြောင်း၊ ရန်သူများမှာ အလောင်းများကောက်ယူ၍ အရှေ့အရပ်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းဘက်မှ စစ်သည် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ဘက်မှ ၁၁ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး၊ သေဆုံးသူများထဲတွင် TNLA ရင်း(၂၅၆)မှ ဒုရင်းမှူးအဆင့်ရှိ တားဂျိုကာအပါ အရာရှိအချို့လည်း သေဆုံးခဲ့ကြောင်း သိရသည်။

တောင်ခမ်းနှင့် သပိတ်ကျင်းဒေသတို့တွင် စစ်ရှုံးနေသော TNLA အကြမ်းဖက်အဖွဲ့များသည် တပ်မတော်အား အာရုံပြောင်းရန် သီပေါမြို့နယ်အတွင်း လှုပ်ရှားတိုက်ကွက်ဖော်စဉ် ယခုလို ကြားညှပ်ပိတ်ဆို့ တိုက်ခိုက်ခံရခြင်းဖြစ်ကာ အကျအဆုံးများစွာနှင့် ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN