ရုရှားနှင့်ယူကရိန်းတိုက စစ်သုံပန်း ၁၀၃ ဦးစီ အပြန်အလှန်လဲလှယ်


(နိုင်ငံတကာ) စက်တင်ဘာ ၁၅

ရုရှားနှင့်ယူကရိန်းတို့က စက်တင်ဘာလ ၁၄ ရက်တွင် စစ်သုံပန်း ၁၀၃ ဦးစီကို အပြန်အလှန်လဲလှယ်‌ ကြောင်းနှင့်အဆိုပါလဲလှယ်မှုသည် နှစ်နိုင်ငံကြား သဘောတူညီချက် ရရှိသည့် ရှားပါြဖစ်စဉ်တစ်ခုဖြေစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နှစ်နိုင်ငံကြားသဘောတူညီချက်ရရှိစေရန် အာရပ်စော်ဘွားများပြည်ထောင်စုက ကြားဝင် စေ့စပ်ညှိနှိင်းပေးခြင်း ဖြစ်သည်။ ရုရှားက ပြန်လွှတ်ပေးသည့် ယူကရိန်း စစ်သုံပန်းများက ယူကရိန်းကခု(စ်) ဒေသကို ကျူးကျော်တိုက်ခိုက်စဉ် အဖမ်းခံရသူများနှင့် ရုရှားက အာဇော့စတယ် သံမဏိစက်ရုံကို သိမ်းပိုက်စဉ် အဖမ်းခံရသူများ ဖြစ်ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ထားသည်။

တစ်ချိန်တည်းမှာပင် ရုရှားစစ်သည် ၁၀၃ ဦးကိုလည်း ယူကရိန်းက ပြန်လွှတ်ပေးလိုက်ပြီး ယခုအခါ ထို စစ်သည်များမှာ ဘယ်လာရု(စ်)နိုင်ငံ၌ ရှိနေကြောင်းနှင့် ၎င်းတို့ကို လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများပေးကာ ဆွေမျိုးများနှင့်လည်း ဆက်သွယ်ခွင့်ပေးထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယူကရိန်းဘက်သို့ ပြန်လွတ်လာသူများတွင် တပ်သားနှင့်တပ်ကြပ်ကြီးအဆင့်ရှိသူ ၈၂ ဦးနှင့် အရာရှိအဆင့်ရှိသူ ၂၁ ဦးတို့ ပါဝင်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး က တယ်လီဂရမ်တွင် ရေးသားထားသည်။

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် အာရပ်စော်ဘွားများပြည်ထောင်စု ဆော်ဒီအာရေဗျ၊ တူကီယဲနိုင်ငံတို့၏ ကြားဝင် စေ့စပ်ပေးမှုများဖြင့် ၎င်းတို့နှစ်နိုင်ငံကြား စစ်သုံပန်း ရာပေါင်းများစွာကို အပြန်အလှန်လဲလှယ်ထားနိုင်သည်ကို တွေ့ရကြောင်း Sputnik သတင်းဌာနဖော်ြပချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN